26 April 2024

ထိုင်းရောက်ကရင်အမျိုးသားတစ်ဦး ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ခွန်ကယ်တက္ကသိုလ်တွင် ပါရဂူဘွဲ့အောင်မြင်ခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့တွင်ဘွဲ့နှင်းသဘင်တက်ရောက်။

ထိုင်းရောက် ကရင်အမျိုးသားတစ်ဦးဖြစ်သူ စောခိုင်သက်ထွန်းဆိုသူသည် ခွန်ကယ်တက္ကသိုလ်တွင် ပြည်သူ့ရေးရာစီမံအုပ်ချုပ်ရေး (Public Administration) အထူးပြုဖြင့် ပါရဂူဘွဲ့ (PhD) အောင်မြင်ခဲ့ပြီးပြီးခဲ့သည့်ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဘွဲ့နှင်းသဘင်တက်ရောက်ခဲ့ကာ ထိုင်းတော်ဝင်မင်းသမီး သီရိဒုံ ကိုယ်တိုင်ဘွဲ့လက်မှတ်ချီးမြှင့်ခဲ့သည်ဟု Karen Media သတင်းဌာနမှဖော်ပြထားသည်။

 

 

သူသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် မြို့တော်ဗန်ကောက်ရှိ ရမ်းခမ်ဟန်းတက္ကသိုလ် (Ramkhamhaeng university) တွင် ပညာရေးစီမံအုပ်ချုပ်မှုအထူးပြုဘာသာရပ် (Master of Education Administration) ဖြင့် မဟာဘွဲ့အောင်မြငထားသည်ဟုလည်း ဖော်ပြထားသည်။

 

စောခိုင်သက်ထွန်းသည် ဗန်ကောက်ရောက်ခနိမ်းဖော်မျိုးဆက်လူငယ်အဖွဲ့ကို တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ခနိမ်းဖော်ကျေးရွာဇာတိဖြစ်သည်ဟု သိရသည်။

 

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS