25 April 2024

,

ထိုင်းလိဂ်ကြိုးဝိုင်းပေါ်ခြေချနိုင်ခဲ့တဲ့နောက် မြန်မာ့ကွင်းလယ်ကစားသမားမောင်မောင်လွင် လစာအများဆုံးမြန်မာကစားသမားဖြစ်လာ။

ထိုင်းလိဂ် ၂ ရဲ့အချမ်းသာဆုံးအသင်းတစ်သင်းဖြစ်တဲ့ ထိုင်းမြောက်ပိုင်းအခြေစိုက် လမ်ဖွန်အသင်း (Lamphun Warriors) နဲ့ ၁ ရာသီခွဲစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့နောက်မှာ ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာအသင်းနဲ့အတူ ထွန်း တောက်လာခဲ့တဲ့ မြန်မာဘောလုံးပရိသတ်တိုင်းလိုလိုသိကြတဲ့ ကွင်းလယ်ဖန်တီးရှင်မောင်မောင်လွင်ဟာလစာအများဆုံးမြန်မာကစားသမားဖြစ်လာပြီလို့ ဘောလုံးအေးဂျင်း ကိုရဲနိုင်ဝင်းရဲ့လူမှုကွန်ရက်အကောင့်မှာ ဖော်ပြထားပါတယ်။

“တန်ဖိုးအကြီးဆုံး အပြောင်းအရွှေ့ဒီနေ့ ထိုင်းလိဂ် ၂ ကလပ် လမ်ပူ နဲ့ မောင်မောင်လွင်စာချုပ်ပါတယ်။ တစ်ရာသီခွဲစာချုပ်ဖြစ်ပါတယ်။ လာမယ့်ရာသီ တန်းတက်ဖို့အလားအလာ အကောင်းဆုံးနဲ့ ထိုင်းလိဂ် ၂ ရဲ့ အချမ်းသာဆုံး အသင်းက ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ မောင်မောင်လွင်ဟာ မြန်မာပြည်ရဲ့ လစာ အများဆုံးကစားသမား ဖြစ်လာပါပြီ” လို့ဖော်ပြထားပါတယ်။

တခြားကလပ်အသင်းတစ်သင်းက မောင်မောင်လွင်ကိုခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးဒေါ်လာ ၁ သိန်းဝန်းကျင်ပေးရမှာဖြစ်သလို လမ်ဖွန်အသင်းရဲ့ကမ်းလှမ်းချက်ကောင်းလွန်းလို့ ထိုင်းလိဂ်-၁ ကလပ်တွေရဲ့ကမ်းလှမ်းချက်တွေကို မစဉ်းစားတော့တာလို့ ရေးသားထားပါတယ်။

ကွင်းလယ်ကစားသမားဟာ ဂျာစီနံပါတ် ၇၇ ကိုဝတ်ဆင်ခွင့်ရမှာဖြစ်ပြီးတော့ အခုလိုတန်ဖိုးအကြီးဆုံးမြန်မာကစားသမားအပြောင်းအရွှေ့ကိုစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်လို့ ဖော်ပြထားပါတယ်။

လမ်ဖွန်အသင်းမှာ ဘာစီလိုနာ ကစားသမားဟောင်း ဆူရက်ဇ်နဲ့အတူ လီဗာပူးလ်ကစားသမားဟောင်းဆစ်ဆိုကို တို့ကစားနေတာလည်းဖြစ်ပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS