3 May 2024

,

သင်းလုံးကျွတ်ဘောကန်ဖိနပ်ခိုးယူခံရပြီးနောက် အသက် ၁၈ နှစ်အောက် ခရိုင်အဆင့်ကွာတားဖိုင်နယ်ပွဲစဉ်ကိုလွဲချော်ခဲ့ရတဲ့ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဘူရီရမ်ခရိုင်က ခွန်စဝမ်းလူငယ်အသင်း။

ဘူရီရမ်ခရိုင်၊ ခွန်စဝမ်းမြို့နယ်၊ ခွန်စဝမ်းအထက်တန်းကျောင်းကတည်ထောင်ထားတဲ့ အသက် ၁၈ နှစ် အောက်လူငယ်အသင်းသားတွေဟာ ခရိုင်အဆင့်ကွာတားဖိုင်နယ်ပွဲစဉ်ကိုဝင်ရောက်ယှဉ်ပြိုင်ဖို့ဆဲဆဲမှာ သင်းလုံးကျွတ်ဘောကန်ဖိနပ်ခိုးယူခံခဲ့ရတာကြောင့် ပြိုင်ပွဲနဲ့လွဲချော်ခဲ့ရပြီး နည်းပြအပါအဝင် အသင်း သားအားလုံး ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။

ခွန်စဝမ်းလူငယ်အသင်းဟာ ဘူရီရမ်ခရိုင်အမျိုးသားအားကစားကွင်းမှာ ကွာတားဖိုင်နယ်ပွဲစဉ်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အသင့်ဖြစ်နေပေမဲ့ အသင်းသားအားလုံးဘောကန်ဖိနပ်ခိုးယူခံခဲ့ရတာကြောင့် ပြိုင်ပွဲနဲ့လွဲချော်ခဲ့တဲ့အကြောင်းကို နည်းပြဖြစ်သူရဲ့လူမှုကွန်ရက်အကောင့်မှာဖော်ပြထားတာဖြစ်ပါတယ်။

အနက်ရောင်စလွန်းကားတစ်စင်းက ကစားသမားတွေရဲ့ဘောကန်ဖိနပ်တွေကို လာရောက်ခိုးယူသွားတာ ကို လုံခြုံရေးကင်မရာကဖမ်းယူနိုင်ခဲ့ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS