4 May 2024

ဒီကနေ့ ထိုင်းမိုးလေဝသ သတိပေးထုတ်ပြန်ချက်မှာ ထိုင်းနိုင်ငံတစ်ဝှမ်းလုံးတွင် မိုးရေချိန်များလာမည်ဖြစ်ပြီး၊ ရေကြီးရေလျှံမှုများလဲဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့်ဗန်ကောက်မြို့အပါအဝင် နေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။

ဒီကနေ့ ၁၂ နာရီနောက်ပိုင်းမှစ၍ စက်တင်ဘာ ၂၁ ရက် ၁၂ နာရီအချိန်ထိ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မိုးရွာရန်ရာနှုန်း ၇၀ ရှိမည်။ နေရာကွက်ကြားလဲ မိုးကြီးနိုင်ပါသည်။ ခရိုင်များကတော့ ဖယောင်၊ နာမ့်၊ မဲဟောင်းဆောင်၊ စူခိုထိုင်၊ ဖိကျစ်၊ အုတရာဒစ်၊ တာ့ခ်၊ ကန်ဖဲဖေ့ချ်၊ ဖိစနုလို့တ်နှင့် ဖေ့ချာဘွန်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ကာလဆင်၊ လွဲအက်၊ မဟာစလခမ်၊ အန်နာ့ကျလိုင်မ်၊ ခွန်ကင်ခရိုင်များမှာတော့ မိုးရွာရန်ရာနှုန်း ၇၀။

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်စဝမ်၊ အုထိုင်ဌာနီ၊ ချိုင်နာ့၊ ဆင်ဘူရီ၊ လွတ်ဘူရီ၊ စူဖန်ဘူရီ၊ အန်ထောင်၊ အယုထရာ၊ စလဘူရီ၊ ကန်ကျနဘူရီ၊ နခွန်ပထုံ၊ ရာချာ့ဘူရီ၊ စမုဆာခွန်နှင့်စမုဆုန်ခရာမ်ခရိုင်တွေမှာတော့ မိုးရွာရန်ရာနှုန်း ၈၀။

ထိုင်းနိုင်ငံအရှေ့ပိုင်း နခွန်နာယုတ်၊ ပါရာကျင်ဘူရီ၊ ချာခြိုမ်ဆောင်၊ ဆာကယောက်၊ ချွန်ဘူရီ၊ ရယောင်း၊ ကျန်ထဘူရီနှင့်တရာတ်ခရိုင်မှာလဲ မိုးရွာရန်ရာနှုန်း ၈၀။ ထိုင်းနိုင်ငံတောင်ပိုင်း ဖေ့ချာဘူရီ၊ ပါကျွန်စီရီခမ်၊ ချွန်ဖွန်၊ စူရာတ်ဌာနီ၊ နခွန်စီထမရာတ်နှင့် ဖတ်ထလုံခရိုင်များမှာတော့ မိုးရွာရန်ရာနှုန်း ၆၀။

ထိုင်းနိုင်ငံအရှေ့တောင်ပိုင်း ရနောင်း၊ ဖန်ငါ၊ ဖူးကက်၊ ကဘီ၊ တရာန်နှင့်စတွန်းခရိုင်တွေမှာတော့ မိုးရွာရန်ရာနှုန်း ၈၀ နှင့် မြို့တော်ဗန်ကောက်နှင့်နီးနားခရိုင်များမှာတော့ မိုးရွာရန်ရာနှုန်း ၈၀ အထိရှိနိုင်ပြီး နေရာကွက်ကြားမိုးကြီးနိုင်သည်။ ရေကြီးရေလျှံမှုများလဲဖြစ်လာနိုင်ကြောင်း သိရပါတယ်။

 

ကိုချစ် ဇွဲကပင်မြေ ภาพ- ข่าวสด အချက်အလက် https://www.tmd.go.th/

SHARE THIS NEWS

OTHER NEWS