3 May 2024

ဓာတ်ပုံ Grab

အောက်တိုဘာ ၂၆ ရက်၊ ၂၀၂၁

 

အိမ်မွေးတိရစ္ဆာန်တွေကို တပါတည်းခေါ်ဆောင်သွားနိုင်မယ့် GrabPet လို့အမည်ပေးထားတဲ့ ဝန်ဆောင်မှုအသစ်တစ်ခုကို Grab စတင်မိတ်ဆက်။

 

တိရစ္တာန်ချစ်သူတွေအတွက် အပြင်ထွက်တဲ့အခါ အိမ်မွေးတိရစ္ဆာန်တွေကို တပါတည်းခေါ်ဆောင်သွားနိုင်မယ့် GrabPet ဝန်ဆောင်မှုကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့မှာ Grab ကစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ရှေ့ပြေးဝန်ဆောင်မှုအနေနဲ့ မြို့တော်ဗန်ကောက်နဲ့အနီးအနားခရိုင်တွေမှာသာ စတင်ဝန်ဆောင်မှုပေးသွားမှာဖြစ်သလို အနိမ့်ဆုံးဝန်ဆောင်ခကို ၉၅ ဘတ်သတ်မှတ်ထားပါတယ်။

 

 

“အိမ်မွေးတိရစ္ဆာန်ဈေးကွက်ဟာစိတ်ဝင်စားဖို့ကောင်းလာတဲ့အနေအထားရှိလာပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ လူလွတ်တွေနဲ့မိသားစုတစ်စုတည်းနေထိုင်တဲ့အိမ်တွေမှာ အိမ်မွေးတိရစ္ဆာန်တွေကို အဖော်ပြုဖို့မွေးမြလာကြတာတွေ့ရပါတယ်” ဆိုပြီး Grab (Thailand) ရဲ့ ဈေးကွက်နဲ့စီးပွားရေး မိတ်ဖက်ဒါရိုက်တာ ကျန်သုဒါ ဓနနစ်တယဥဒွမ် ကဆိုပါတယ်။

 

“ဒါ့အပြင် ကိုဗစ်-၁၉ ကပ်ဘေးကြောင့် လူတွေ အိမ်မှာပိုနေဖြစ်သလို အိမ်မှာနေပြီးအလုပ်လုပ်ရတဲ့အကြောင်းရင်းတွေက အိမ်မွေးတိရစ္ဆာန်ဈေးကွက်ကိုတောက်လျှောက်ကြီးထွားလာစေပါတယ်။ လက်ရှိမှာ အိမ်မွေးတိရစ္ဆာန်နဲ့ဆက်စပ်လုပ်ငန်းတွေရဲ့ဈေးကွက်တန်ဖိုးဟာ ဘတ် ၃၅ ဘီလျံအထိရှိလာပါတယ်” လို့သူမကဆိုပါတယ်။

 

“ဒီလိုအလားအလာကောင်းတွေရှိနေတာကြောင့် အိမ်မွေးတိရစ္ဆာန်တွေကို တပါတည်းခေါ်ဆောင်သွားနိုင်မယ့် GrabPet ဝန်ဆောင်မှုကိုအကောင်အထည်ဖော်ခဲ့တာပါ။ ကိုယ်ပိုင်ကားမရှိတဲ့သူတွေနဲ့ ကိုယ် တိုင်ကားမမောင်းချင်တဲ့သူတွေအတွက် အပြင်ထွက်တဲ့အခါဖြစ်စေ၊ အလည်သွားတဲ့အခါဖြစ်စေ၊ အပန်း ဖြေတဲ့အခါဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါဖြစ်စေ၊ ဆေးရုံသွားတဲ့အခါဖြစ်စေ သူတို့ရဲ့အိမ်မွေး တိရစ္ဆာန်လေတွေကိုခေါ်ဆောင်သွားနိုင်မယ့် ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါ” လို့ ဆိုပါတယ်။

 

 

“အဆင်ပြေမှု၊ ဘေးကင်းလုံခြုံမှုနဲ့လက်လှမ်းမီတဲ့ဝန်ဆောင်ခ စတဲ့အားသာချက် ၃ ခုနဲ့အတူစတင်ဝန်ဆောင်မှုပေးမှာဖြစ်ပြီး အနိမ့်ဆုံးဝန်ဆောင်ခကို ၉၅ ဘတ်သတ်မှတ်ထားပါတယ်။ ကနဦးအနေနဲ့မြို့တော်ဗန်ကောက်နဲ့အနီးအနားခရိုင်တွေမှာ ရှေ့ပြေးစီမံချက်အနေနဲ့စတင်မိတ်ဆက်သွားမှာဖြစ်ပါတယ်” လို့ ဒါရိုက်တာကဆက်ပြောကြားပါတယ်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS