29 April 2024

စမွတ်ဆာခွန်ခရိုင်ရှိ လူမှုဖူလုံရေးအာမခံ (ပရကန်စန်းခွမ်) ပေးသွင်းထားသူ ထိုင်းနှင့်ရွှေ့ပြောင်းလုပ်သားဦးရေ ၄ သိန်းကိုကာကွယ်ဆေးထိုးနှံပေးရန် ရာထားပြီး ပထမအသုတ်အနေဖြင့် ပြီခဲ့သည့်ဇူလိုင်လ ၂၂ ရက်မှ ဩဂုတ်လ ၆ ရက်နေ့အတွင်း ၂၇,၀၀၀ ဦးထိုးနှံပေးခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆာခွန်ခရိုင်တွင်နေထိုင်လုပ်ကိုင်လျက်ရှိသော လူမှုဖူလုံရေးအာမခံ (ပရကန်စန်းခွမ်) ပေးသွင်းထားသူ ထိုင်းနှင့်ရွှေ့ပြောင်လုပ်သားဦးရေ ၄ သိန်းကိုကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရန်ရည်မှန်းထားပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၂

 

ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့တွင် ပထမအသုတ်၂၇,၀၀၀ ဦးကို ထိုးနှံပေးခဲ့သည်ဟု စမွတ်ဆာခွန်ခရိုင်လူမှုဖူလုံရေးရုံးအုပ် ဖောစဝမ်း စဲယာကျိုင်က ဆိုသည်။

 

စမွတ်ဆာခွန်ခရိုင်အတွင်းရှိ လူမှုဖူလုံရေးအာမခံထားရှိသူလုပ်သားများအား စိုင်နိုဗက်နှင့်အက်စထရာဇေနေဂါကာကွယ်ဆေး (SV+AZ) ကို ပူးတွဲထိုးနှံပေးနေခြင်းဖြစ်ပြီး ပထမအသုတ်တွင် စမွတ်ဆာခွန်လူမှုဖူလုံရေးရုံးနယ်မြေအတွင်းရှိအာမခံလုပ်သား

 

၂၀,၀၀၀ ဦးနှင့် ကရထွန့်ဘန်းလူမှုဖူလုံရေးရုံးခွဲနယ်မြေအတွင်းရှိအာမခံလုပ်သား ၇,၀၀၀ ဦးကို ထိုးနှံပေးခဲ့သည်ဟု သူမဆိုသည်။

 

အာမခံလုပ်သားများအားကာကွယ်ဆေးထိုးနှံပေးရာတွင် အလုပ်ရှင်များက E – Service တွင်အမည် စာရင်း ပေးထားသည့်အတိုင်းထိုးနှံပေးနေခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရန်လိုအပ်သည့်သူများကိုအလုပ်ရှင်များကဦးစားပေးအမည်စာရင်းပေးသွင်းထားသည်ဟု လူမှုဖူလုံရေးရုံးအုပ်ကဆက်လက် ပြောကြားသည်။

 

ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသေးသည့် အာမခံလုပ်သားများကို ကာကွယ်ဆေးနောက်တသုတ်ထပ်မံရောက်ရှိလာသည့်အခါ ဆက်လက်ထိုးနှံပေးမည်ဟု သူမဆိုသည်။

 

ခရိုင်တွင်းလူမှုဖူလုံရေးအာမခံလုပ်သားများအား စမွတ်ဆာခွန်ခရိုင်၊ စမွတ်ဆာခွန်မြို့နယ်၊ ခို့ခါမ်း ကျေးရွာအုပ်စုရှိ စင်းဆာခွန်စက်မှုစုံအစည်းအဝေးခန်းမတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး စမွတ်ဆာခွန်ခရိုင်မှူး ဝီရစတ် ဝိကျစ်စဲစီး က ပြီးခဲ့သည့် ဩဂုတ်လ

 

၄ ရက်နေ့တွင် သွားရောက် ကြည့်ရှူခဲ့သည်။

SHARE THIS NEWS

OTHER NEWS