9 May 2024

အတိုးနှုန်းတိုးမြှင့်ရန် မြန်မာဗဟိုဘဏ် စိုင်းပြင်း
.
ဩဂုတ် ၂၇ ရက်၊ ၂၀၂၃
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှု မက်ခရိုစီးပွားရေးအခြေအနေပေါ် မူတည်ပြီး ဗဟိုဘဏ် အနေဖြင့် အတိုးနှုန်းပြင်ဆင်ခြင်းကို လိုအပ်သလို ဆောင်ရွက်သွားဖို့ရှိကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင် က ဩဂုတ်လ ၂၂ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခဲ့ ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံအချို့များဆိုရင် ငွေကြေးဖောင်းပွမှုနှုန်းကိုလျှော့ချနိုင်ဖို့အတွက် အတိုးနှုန်း မြှင့်တင်မှုတွေကို ၂၀၂၂ ခုနှစ်မေလကနေစတင်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ငွေကြေး ဖောင်းပွ မှုနှုန်းတွေ အထိုက်အလျောက်မြင့်တက်လျက်ရှိပါတယ်။
ဒီလိုမြင့်တက်ရခြင်းဟာ လုပ်ခလစာမြင့်တက်ခြင်း၊ ငွေကြေးပမာဏမြင့်တက်ခြင်း၊ ဝယ်လိုအားမြင့်တက်ခြင်း တွေကြောင့်မဟုတ်ဘဲ သွင်းကုန်တန်ဖိုးတွက်ချက်ရာမှာ ငွေလဲလှယ်နှုန်းတွေမြင့်တက်နေတဲ့အတွက် သွင်းကုန် တန်ဖိုးမြင့်တက်ခြင်း၊ ကုန်သွယ်မှုလိုငွေ မြင့်မားလာခြင်း၊ နိုင်ငံခြားလိုငွေများပြားလာရာမှတစ်ဆင့် ကုန်စည် ဈေးနှုန်းမြင့်တက်ခဲ့ခြင်း၊ စားသုံးသူဈေးဆနှုန်းကိန်း မြင့်တက်လာခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။
အတိုးနှုန်းမြှင့်တင်တဲ့နည်းလမ်းကို ဆောင်ရွက်မယ်ဆိုရင် နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင် ပါတယ်”ဟု ၎င်းကဆိုသည်။
မူရင်းနှင့်ဓာတ်ပုံ : ပေါ်ပြူလာနယူးစ်ဂျာနယ်
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS