6 May 2024

အဆင်ပြေမှုတွေကိုထားခဲ့တဲ့အပေါ် ဘယ်တော့မှနောင်တရမှာမဟုတ်ဟု အာဇာနည် ဆို
.
ဩဂုတ် ၂၄ ရက်၊ ၂၀၂၃
.
အဆင်ပြေမှုတွေကို မြန်မာနိုင်ငံမှာ ထားခဲ့ပြီး အမေရိကန်မှာ ဘဝပြန်စခဲ့ရတဲ့အပေါ် ဘယ်တော့မှနောင်တရမည် မဟုတ်ကြောင်း အဆိုတော် အာဇာနည်က သူ၏လူမှုကွန်ရက်တွင် ဩဂုတ် ၁၇ ရက်နေ့က ဖော်ပြထားသည်။
.
“အစစ အရာရာ အားလုံး လိုလေသေးမရှိ အဆင်ပြေနေခဲ့တဲ့ စီးပွါးရေး လူမှုရေး အသိုင်းအဝိုင်းအားလုံးကို ထားခဲ့ရပြီး ပတ်ဝန်းကျင်အသစ်တခုမှာ ဒီအရွယ်ကျမှ ဘဝသစ်တခုလို ပြန်စနေရတဲ့အပြင် ဘယ်တော့မှ နောင်တမရမယ့် ကိုယ့်ဆုံးဖြတ်ချက်တစ်ခုကြောင့် ကိုယ်နဲ့အတူ အဆင်ပြေမှုအားလုံးကို လဲပေးခဲ့ရတဲ့ ကိုယ့်မိသားစုအတွက်အရင်လို ပြီးပြည့်စုံအောင်မထားနိုင်သေးပေမယ့် လူတန်းစေ့နေနိုင်အောင်တော့ ကိုယ်လုပ်နိုင်သောအလုပ်မှန်သမျှ လေ့လာသင်ယူ လုပ်ကိုင်ရင်း ….အိမ်ထောင့်တာဝန်ထမ်းရင်း ….. မှန်သောလမ်းပေါ် ရှေ့ဆက်လျှောက်ရင်း” ဟု ရေးသားထားသည်။
.
တဆက်တည်းတွင် အိမ်ထောင်ဦးစီးတယောက်အနေဖြင့် လုပ်နိုင်စွမ်းရှိသမျှအလုပ်တွေကို သင်ယူနေသည်ဟု ဖော်ပြထားသည်။
“မိသားစု ရဲ့ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ လက်ရှိပတ်ဝန်းကျင်မှာ သမ္မာအာဇီဝ နဲ့ ကိုယ့်လုပ်နိုင်စွမ်း ရှိသမျှ ရရာအလုပ်တွေအကုန် လုပ်တတ်အောင်သင်ယူနေပါတယ်” ဖော်ပြထားသည်။
.
ထို့ပြင် သူဝါသနာပါရာ သီးချင်းသီဆိုခြင်းကို စိတ်ထွက်ပေါက်တခုအနေဖြင့် ရံဖန်ရံခါ ဆိုဖြစ်သည်ဟု ပရိသတ် များကို သတင်းစကားပါးခဲ့သည်။
“တစ်ဖက်မှာလဲ ကိုယ်တစ်သက်လုံးတည်ဆောက်လာခဲ့တဲ့ ကိုယ့်ရဲ့ ဝါသနာ နဲ့ အသက်မွေးဝမ်းကြောင်း တထပ် တည်းကျနေခဲ့တဲ့ / အခုလည်း တထပ်တည်းကျနေတဲ့ / နောက်လည်း တသက်လုံး တထပ်တည်းကျနေတော့ မယ့် ကျွန်တော်သီချင်းဆိုတာကိုနားဆင်ခံစားချင်ကြတဲ့ မိတ်ဆွေရောင်းရင်း သူငယ်ချင်းတွေနဲ့ မိတ်ဆုံစားပွဲ / အမှတ်တရတွေ့ဆုံပွဲ / မွေးနေ့ပွဲ တွေမှာလည်း စိတ်ထွက်ပေါက်တခုအနေနဲ့ ရံဖန်ရံခါတော့ ဆိုဖြစ်ပါတယ်” ဟု ရေးသားထားသည်။
.

SHARE THIS NEWS

OTHER NEWS