13 May 2024

NUG အစိုးရနှင့် AAC တို့ပူးတွဲကျင်းပသည့် “တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ” ရန်ပုံငွေကံစမ်းမဲအစီအစဉ်တွင် မဟာချိုင်ရှိသားအမိနှစ်ဦး ပထမဆုကံထူး ကျပ်သိန်း ၂၀၀ တန်မော်တော်ဆိုင်ကယ်ဆွတ်ခူး။

 

 

တော်လှန်ကျန်းမာကံစမ်းမဲအစီအစဉ်ကို ယမန်နေ့ညတွင်မဲဖောက်ခဲ့ရာ ပထမဆုကို ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့နယ်တွင် နေထိုင်လုပ်ကိုင်လျက်ရှိသည့် သားအမိနှစ်ဦးက ကံထူးခဲ့ပြီး

ကျပ်သိန်း ၂၀၀ တန် Kawasaki Ninja 650 2020 မော်တော်ဆိုင်ကယ်တစ်စီးဆွတ်ခူးသွားသည်ဟု တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထား သည်။

 

 

“အလုပ်အဆင်မပြေတဲ့ကြားက တော်လှန်ရေးမှာပါဝင်ချင်လို့ လက်မှတ်လေးတစ်စောင်သာအား​ပေးခဲ့ပေမယ့် ပထမဆုကံထူးခဲ့လို့ ယနေ့ ဂုဏ်ပြုစကားပြောပေးခဲ့ပါတယ်…” ဟု ဖော်ပြထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS