4 May 2024

MoU ပြန်လုပ်ရမည့်လုပ်ငန်းစဉ် ထွက်လာပြီ
.
ဇွန် ၃၀ ရက်၊ ၂၀၂၃
.
၁-၁-၂၀၂၂ ရက်နေ့မှ ၃၁-၇-၂၀၂၃ ရက်နေ့အတွင်း အလုပ်လုပ်ကိုင်ခွင့် ၄ နှစ်စေ့သော MoUများ၊ ၄ နှစ် ကျော်သော MoU များနှင့် ၆ နှစ်စေ့သော MoU များအတွက် နေရပ်ပြန်ပြီး MoU ပြုလုပ်ရမည့် လုပ်ငန်း စဉ်များကို ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနမှ ဇွန်လ ၂၉ ရက်နေ့ (၂၀၂၃)တွင် အပြီးသတ် ထုတ်ပြန် ထားသည်။
.
၁။ အလုပ်ရှင်မှ ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံး/မြို့တော်ဗန်ကောက်အတွင်းရှိ နယ်မြေအလုပ်အကိုင် ရှာဖွေရေးရုံး ၁၀ ရုံးတွင် အလုပ်ခေါ်စာ (Demand) တင်ရန်။
.
၂။ တင်သွင်းလာသော အလုပ်ခေါ်စာကို ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနက အလုပ်သမား၏ နေရပ်နိုင်ငံသို့ ဆက်လက်ပို့ဆောင်ရန်။
.
၃။ နေရပ်နိုင်ငံမှ သုံးသပ်အတည်ပြုပြီးနောက် အလုပ်ရှင်ထံသို့ လုပ်သားအမည်စာရင်း (Name List) ပြန်လည်ပို့ဆောင်ပေးရန်၊ လုပ်သားအမည်စာရင်းကျလာပြီးနောက် အလုပ်သမားမှနေရပ်ပြန်ပြီး အလုပ်ရှင်အလုပ်သမားသဘောတူအလုပ်ခန့်စာချုပ် ချုပ်ဆိုရန်နှင့် OWIC ကတ်ပြုလုပ်ရန်။
.
၄။ အလုပ်ရှင်မှအလုပ်သမားကိုယ်စား ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံး/မြို့တော်ဗန်ကောက်အတွင်းရှိ နယ်မြေအလုပ်အကိုင် ရှာဖွေရေးရုံး ၁၀ ရုံးတွင် အလုပ်လုပ်ကိုင်ခွင့် (ဝေါ့ပါမစ်) လျှေက်ထားရန်နှင့် လုပ်သားများဝင်လာရမည့်နယ်စပ်ဂိတ်ကို တပါတည်းဖော်ပြရန်။
.
၅။ အလုပ်သမားမှ ရနောင်းနှင့်တာ့ခ်ခရိုင် ရွှေ့ပြောင်းအလုပ်သမား ကြိုဆိုလက်ခံရေးနှင့် ပြန်လည် ပေါင်းစည်းရေးဗဟိုဌာန တွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် လက်ခံရယူရန်။
.
၆။ အလုပ်သမားမှ ထိုင်းနိုင်ငံသို့ဝင်ရောက်လာရန်။
.
၇။ ဝင်ရောက်လာသောလုပ်သားများကို ဗီဇာပြုလုပ်ပေးရန်အတွက် ရနောင်းနှင့်တာခ်ခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံးမှ ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံထံ ညှိနှိုင်းချိတ်ဆက်ပေးရန်။
.
မှတ်ချက်။ ။
၁။ ရနောင်းနှင့်တာ့ခ်ခရိုင် နယ်စပ်ဂိတ်များမှသာ ပြန်လည်ဝင်ရောက်လာရမည်
၂။ အဆိုပါ လုပ်သားများကို ဇူလိုင်လ ၁ ရက်နေ့ (၂၀၂၃) မှစ၍ နွန်ထဘူရီနှင့် စမွတ်ဆာခွန်တွင် PJစာအုပ် ပြုလုပ်ပေးမည်။
၃။ ၁-၁-၂၀၂၂ မှ ၃၁-၇-၂၀၂၃ အတွင်း ၄ နှစ်စေ့သော၊ ၄ နှစ်ကျော်လွန်သော၊ ၆ နှစ်စေ့သော MoU လုပ်သားအားလုံး အကျုံးဝင်သည်။
.

SHARE THIS NEWS

OTHER NEWS