3 May 2024

အသက် ၅ နှစ် မှ ၁၁ နှစ်အရွယ်ကလေးများကို ကိုဗစ်ကိုကွယ်ဆေးထိုးနှံပေးရန် လာမည့်ဇန်နဝါရီ ၂၆ ရက်နေ့တွင် ကာကွယ်ဆေးပထမအသုတ် ၃ သန်းဒို့စ်ရောက်ရှိလာမည်ဟု ထိုင်းဒုဝန်ကြီးချုပ်နှင့်ကျန်းမာရေးဝန်ကြီး အနုတင် ချိန်ဝီရကွန် ကဆိုသည်။

ထိုင်းနိုင်ငံအတွင်းရှိကလေးများကို ထိုးနှံပေးရန် ကိုဗစ်ကာကွယ်ဆေးစုစုပေါင်း ၁၀ သန်းဒို့စ်မှာယူထားသည်ဟု ဝန်ကြီးကဆိုသည်။

ကာကွယ်ဆေးပထမအသုတ်ရောက်ရှိလာလျင် ကုသရေးသိပ္ပံဦးစီးဌာနက ၂ ရက် မှ ၃ ရက်အကြာ အရည်အသွေးနှင့်ထုတ်လုပ်သည့်လော့စစ်ဆေးမှုပြုရမည်ဖြစ်ပြီး စစ်ဆေးမှုအောင်မြင်ခဲ့လျင် ရောဂါဖြစ်နိုင်ခြေမြင့်မားသည့်ရောဂါအခံရှိသောကလေးများကို ဦးစားပေး ထိုးနှံပေးနိုင်ရန် မဟာရာချိနီကလေးကျန်းမာရေး အင်စတီကျု (ကလေးဆေးရုံ) သို့ဦးစွာပေးပို့မည်ဟု ဆိုသည်။

ထို့နောက် နိုင်ငံတဝန်းရှိဆေးရုံအသီးသီးသို့ဖြန့်ဝေသွားမည်ဖြစ်ပြီး ကလေးများကိုထိုးနှံပေးရန် ပညာရေးဝန်ကြီးဌာနနှင့်ချိတ်ဆက်ထားသည်ဟု ဆိုသည်။

တဆက်တည်းတွင် ကလေးများကိုကာကွယ်ဆေးလာရောက်ထိုးနှံပေးရန်ကျောင်းသားမိဘများကို တိုက်တွန်းထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS