26 April 2024

ဓာတ်ပုံ ประชาชาติธุรกิจ ข่าวสด

 

အောက်တိုဘာ ၁ ရက်၊ ၂၀၂၁

 

အများပြည်သူအလွယ်တကူလက်လှမ်းမီစေရန် ကိုဗစ်-၁၉ စစ်ဆေးကိရိယာ ATK များကို ထိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဈေးဆိုင်များနှင့်အွန်လိုင်းပေါ်တွင် ရောင်းချခွင့်ပြု။

 

ထိုင်းအစိုးရမှလုပ်ငန်းအမျိုးမျိုးကိုပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ခြင်းနှင့်အတူ အန္တရာယ်ကင်းရေးစီမံချက်(COVID Free Setting) ကိုထပ်မံမြှင့်တင်လိုက်သည့်အတွက် ကိုဗစ်-၁၉ စစ်ဆေးရန် အများပြည်သူ၏ကိုဗစ်ကိုယ်တိုင်စစ်ဆေးကိရိယာ ATK လိုအပ်မှုကိုမြင့်တက်လာစေ၍ အလွယ်တကူနှင့်အချိန်တိုအတွင်း လက်လှမ်းမီနိုင်ရန် ပြီးခဲ့သည့်စက်တင်ဘာ ၂၉ ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ဈေးဆိုင်များနှင့် အွန်လိုင်းမှတဆင့်ရောင်းချခွင့်ပြုလိုက်ပြီဟု ထိုင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးရုံး (FDA) အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဖိုင်စန်း ဒန်ခွမ်း ကဆိုသည်။အန်တီဂျင်ဖြင့်ကိုယ်တိုင်ကိုဗစ်-၁၉ စစ်ဆေးကိရိယာ ATK ကိုလိုအပ်သည့်ပြည်သူများ၊ ဈေးဆိုင်များ နှင့် ကုမ္ပဏီများသည် ထိုင်း FDA ထံမှထုတ်လုပ်ခွင့် သို့မဟုတ် တင်သွင်းခွင့်ရရှိထားသူထံ တိုက်ရိုက်ဆက်သွယ်ဝယ်ယူနိုင်သည်ဟု ဆိုသည်။

 

 

သုံးစွဲသူများအနေဖြင့် တရားဝင်ခွင့်ပြုချက်ရရှိထားသော ATK ဟုတ်မဟုတ် ထိုင်း FDA ဝဘ်ဆိုက်တွင်ဝင်ရောက်စစ်ဆေးနိုင်ပြီး ထိုင်းဘာသာဖြင့်ရေးသားထားသည့် “အများပြည်သူအသုံးပြုနိုင်သည်” ဆိုသည့် ညွှန်ကြားချက်ပါရှိခြင်းရှိမရှိစစ်ဆေးရန် အကြံပြုထားသည်။

 

ထို့ပြင် ကိုဗစ်-၁၉ စစ်ဆေးကိရိယာအရောင်းကြော်ငြာအမျိုးမျိုးပြုလုပ်လိုသည့်လုပ်ငန်းရှင်များသည် ထိုင်း FDA ထံဦးစွာခွင့်ပြုချက်ရယူရန်လိုအပ်ပြီး ဆေးပစ္စည်းကြော်ငြာခွင့်ပြုချက်အမှတ် ฆพ. XX/XXXX ဖော်ပြရမည်ဟု ထပ်လောင်းအကြုံပြုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS