28 April 2024

ဘရာဇီးနိုင်ငံတွင် အိုမီခရွန်ကိုဗစ်-၁၉ မျိုးကွဲသစ်ကူးစက်ခံထားရသူနှစ်ဦးစတင်တွေ့ရှိ၊ တောင်အမေရိကတိုက်တွင်အိုမီခရွန်ကူးစက်မှုခံရသည့်ပထမဆုံးနိုင်ငံဖြစ်လာ။

 

တောင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘရာဇီးနိုင်ငံတွင် အိုမီခရွန် ကိုဗစ်-၁၉ မျိုးကွဲသစ်လူနာနှစ်ဦးစတင်တွေ့ရှိသည်ဟု ဘရာဇီးပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာ ၁) တွင် ထုတ်ပြန်သည်။

 

အဆိုပါပိုးရှိလူနာအိမ်ထောင်ဖက်နှစ်ဦးသည် တောင်အာဖရိကနိုင်ငံမှလာခဲ့သူများဖြစ်ကြပြီး ဘရာဇီးမှပြန်လည်ထွက်ခွာရန် ပိုးစစ်ဆေးရာမှအိုမီခရွန်ပိုးတွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

 

ယင်းတို့နှစ်ဦးကို ဘရာဇီးနိုင်ငံသို့ဆိုက်ရောက်သည့် နိုဝင်ဘာ ၂၃ ရက်နေ့တွင် ပိုးစစ်ဆေးခဲ့သော်လည်းပိုးတွေ့ရှိခြင်းမရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

 

SHARE THIS NEWS

OTHER NEWS