3 May 2024

ပထမဆုံးမောင်းသူမဲ့ Mono Rail မိုးပျံရထား အဝါရောင်လိုင်း ဘူတာအားလုံး ပြေးဆွဲပြီ
.
ဇွန် ၁၉ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံ၏ ပထမဆုံး မောင်းသူမဲ့ Mono Rail မိုးပျံရထား အဝါရောင်လိုင်းကို ယနေ့တွင် ဘူတာ ၂၃ ခု စလုံးကို အကြိုစတင်ပြေးဆွဲပေးခဲ့ပြီး ထိုင်းဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး (ငြိမ်း) ပရာယွတ် ကျန်အိုချာ ကိုယ်တိုင်လာရောက်ဖွင့်လှစ်ပေးခဲ့သည်ဟု Thai Pbs သတင်းဌာနက ဖော်ပြထား သည်။
.
အကြိုပြေးဆွဲပေးသည့်ကာလတွင် အခမဲ့လိုက်ပါစီးနင်းနိုင်ပြီး ပုံမှန်ပြေးဆွဲသည့်အခါ လက်မှတ်နှုန်းထား မှာ ၁၅ ဘတ် မှ ၄၅ ဘတ်အထိ ကနဦးသတ်မှတ်ထားပြီး အတည်ပြုနိုင်ရန်အတွက် ထိုင်းအစိုးရအဖွဲ့ထံ အဆိုပြုရမည်ဟု ဖော်ပြထားသည်။
.
Mono Rail အဝါရောင်လိုင်းမှာ မြို့တော်ဗန်ကောက်အတွင်းရှိ လာ့ဖရောင်းဘူတာနှင့် စမွတ်ပရာကန် ခရိုင်ရှိ စံမလွန်ဘူတာတို့ကို ချိတ်ဆက်ထားပြီး စုစုပေါင်း ၂၃ ဘူတာရှိကာ လမ်းကြောင်းအကွာအဝေးမှာ ၃၀.၄ ကီလိုမီတာရှည်လျားသည်ဟု ဖော်ပြထားသည်။
.
အဆိုပါလမ်းကြောင်းကို ရထားတွဲ ၄ တွဲပါ တရုတ်ထုတ် Bombardier Innovia Monorail 300 ရထားအစီး ရေ ၃၀ ဖြင့် စတင်ပြေးဆွဲပေးနေပြီး တစ်နာရီလျှင် ခရီးသည် ၃၄၀၀၀ ဦး (အဆုံ-အဆန်) တင်ဆောင်နိုင် ကာ အနာဂတ်တွင် ရထားတွဲ ၇ တွဲပါ ရထားများဖြင့် တိုးမြှင့်ပြေးဆွဲသွားမည်ဟု သိရှိရသည်။
.
.
.
.
Photo: Thai Pbs
.

SHARE THIS NEWS

OTHER NEWS