3 May 2024

ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် မင်းကွတ်သီးဈေးထိုးကျနေခြင်းကြောင့် အခက်အခဲကြုံနေရသည့် မင်းကွတ်တောင်သူများကို ကူညီလိုသည့်ရည်ရွယ်ချက်ဖြင့် သြဂုတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ဆီလာဖြည့်သည့်သူများကို မင်းကွတ်သီး ၁ ကီလိုဂရမ်လက်ဆောင်ပေးမည်ဟု ပီတီတီစက်သုံးဆီဆိုင်မှ ကြေညာထားသည်။

 

ထိုင်းနိုင်ငံတောင်ပိုင်းရှိ မင်းဂွတ်ခြံတောင်သူများကိုတစ်ဖက်တစ်လမ်းမှကူညီနိုင်ရေးအတွက် ပီတီတီစက်သုံးဆီဆိုင် (PTT Station) က စူရတ်ဌာနီခရိုင်ရှိမင်းဂွတ်တောင်သူများထံမှမင်းကွတ်သီး ၁၀,၀၀၀ ကီလိုဂရမ် ဝယ်ယူပြီး မြို့တော်ဗန်ကောက်နှင့် နွန်ထဘူရီခရိုင်အတွင်းရှိ ပီတီတီ စက်သုံးဆီဆိုင်များတွင် မနက်ဖန် ဩဂုတ် ၁၂ ရက်မှ ဩဂုတ် ၁၅ ရက်နေ့(၂၀၂၁)အထိ ဆီလာဖြည့်သူများကို ထိုင်းမင်းကွတ်သီး ၁ ကီလိုဂရမ်ပေးဝေသွားမည်ဟု သိရသည်။

 

စက်သုံးဆီအမျိုးအစားတိုင်းဖြည့်နိုင်ပြီး အနိမ့်ဆုံးဖြည့်ရမည့်ဆီတန်ဖိုးကိုသတ်မှတ်ထားခြင်းမရှိဟု သိရှိရသည်။

SHARE THIS NEWS

OTHER NEWS