27 April 2024

ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ထိုင်းနိုင်ငံ ကျန်ထဘူရီခရိုင်တွင်း နေထိုင်တဲ့သူတွေ အကုန်လုံးနီးပါး ၀မ်းပျက်၀မ်း‌‌လျှောဖြစ်ပြီး ဆေးရုံတွေမှာလူနာတွေ ပြည့်နှက်နေပါတယ်။

 

ကျန်ထဘူရီခရိုင်တွင်း နေထိုင်သူတွေသာမကဘဲ ဒီရက်ပိုင်းအတွင်း အဲဒီခရိုင်ကိုအလည်အပတ် သွားပြီး ပြန်လာတဲ့သူတွေပါ ၀မ်းပျက်၀မ်းလျှော ဖြစ်နေတယ်လို့သိရပါတယ်။

 

ကနဦးအနေနဲ့ ရေခဲနှင့် သောက်သုံးရေ မသန့်ရှင်းတာကြောင့်ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပေမယ့် ဌာနဆိုင်ရာတွေကတိကျတဲ့ အဖြေမျိုးထုတ်ပြန်ထားတာမရှိသေးပါဘူး။

SHARE THIS NEWS

OTHER NEWS