10 May 2024

ဇွန် ၂၆ ရက်၊ ၂၀၂၃
.
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပြည်ထောင်စုဝန်ကြီးများ အပါအဝင် ပါမောက္ခရှောင်တာနဲလ် နှင့် အမေရိကန် အိမ်ဖြူတော် လုံခြုံရေးကောင်စီနှင့်လွှတ်တော်အမတ်တို့က Burma Act ကို ထိရောက် စွာ အကောင်အထည်ဖော်နိုင်ရန် လွန်ခဲ့သော ဇွန်လ ၂၀ ရက် (၂၀၂၃) တွင် ဆွေးနွေးခဲ့ကြသည်ဟု NUG ပေ့ချ်မှ ထုတ်ပြန်ထားသည်။
.
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်တွင် ပြုလုပ်ခဲ့သော Global Fund for Burma ၏ မြန်မာနိုင်ငံရေးရာမူဝါဒ ကွန်ဖရင့် (Panel Discussion)ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့်အတူ အမေရိကန် ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့က တက် ရောက်ဆွေးနွေးခဲ့ကြသည်။
.
မြန်မာနိုင်ငံရေးရာမူဝါဒ ကွန်ဖရင့်သို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်ဝေစိုး၊ ဦး ထင်လင်းအောင် ၊ ဒုတိယဝန်ကြီးဖြစ်သော ဦးမိုးဇော်ဦး ၊ အထူးဧည့်သည်တော်အနေဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်၊ အထူးအကြံပေးပုဂ္ဂိုလ် ပါမောက္ခ Sean Turnell တို့ တက် ရောက်ခဲ့ကြသည်။
.
မြန်မာနိုင်ငံရေးရာမူဝါဒ ကွန်ဖရင့်တွင် ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင် နှင့် အမေရိကန် နိုင်ငံခြားရေးဌာနမှ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အပိုင်း(၄) ပိုင်းခွဲကာ ပြုလုပ်ခဲ့ကြသည်။
.
ကွန်ဖရင့်သို့ တက်ရောက်လာကြသော ကချင်၊ ကရင်၊ ကရင်နီ ၊ ချင်း တိုင်းရင်းသား လူမျိုးစုများအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ အမေရိကန် သမ္မတ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီနှင့်
အမေရိကန် လွှတ်တော်ကိုယ်စားလှယ်တို့က Burma Act ကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS