29 April 2024

,

ပြီးခဲ့တဲ့ ၁၁ ရက်နေ့ ၈ လပိုင်း၂၀၂၁မှာ သတင်းထောက်များမှတစ်ဆင့်သတင်းပြန်လည် ရရှိရာ နခွန်စဝမ် ချူဆယ်မြို့ အိမ်အမှတ် ၆၆ ရပ်ကွက် ၂ တွင်ရှိသော မယ်သယ်ခီရမ် ကိုလူများ အထူးပိုမိုလာပြီး ကန်တော့ကြတာကို သိရှိရပါတယ်။တစ်ခေါက်ဝင် ကန်တော့လျှင် ၁၀ ယောက်သာ ဝင်ရပြီးတစ်ခါကန်တော့လျှင် မိနစ်၂၀ သာကန်တော့ ရပြီး အကွာအဝေးသေချာနေပြီး ကန်တော့ကြရပါတယ်။

ရွာသူရွာသားတွေပါမက အခြားမြို့သူမြို့သားတွေပါ လာရောက်ပြီးကန်တော့ကြပါ တယ်။ကန်တော့ရာတွင် အမွှေးတိုင်များထွန်းပြီးကန်တော့တဲ့အပြင် ပေါင်ဒါများကို မယ်သယ်ခီရမ်သစ်ပင်ပေါ်တွင်ဖြူးကာ ထီဂဏန်းများကိုတောင်း၍ပွတ်ကြပါတယ်။
အချို့က ထီအမွှေးတိုင်ကိုထွန်းပြီးဆုတောင်းရာတွင် ထီဂဏန်းကိုချက်ချင်းရပြီး အနီးရှိထီဆိုင်များတွင် ထီများကိုထိုးကြပြီး တစ်ချို့များမှလည်းအိမ်ပြန်ပြီးအိမ်နားရှိ ထီရောင်းတဲ့နေရာများတွင်ထီဝယ်ပြီး ကံဇာတာစမ်းကြပါတယ်။ အခုကတော့ ၉၆၀ ဂဏန်းကလုံးဝကို အထင်းသာကြီး ပေါ်တာကိုမြင်ကြပြီး ကံဇာတာစမ်းဖို့အတွက် စောင့်နေကြပါတယ်။
 မယ်သခီရမ်သစ်ပင်ရဲ့အရှည်က ပေ ၅၀ ကျော်ရှိပြီး သစ်ပင်ရဲ့လုံးပတ်က ပေ ၇၀ မှ ၁၀၀ အထိရှိပြီး အပင်ရဲ့သက်တမ်းက နှစ်ပေါင်း၂၀၀ မှ ၂၅၀ ကျော်ခန့်ရှိပါတယ်။

SHARE THIS NEWS

OTHER NEWS