10 May 2024

အမျိုးသားရောအမျိုးသမီးပါအသုံးပြုနိုင်သည့် ဆေးဘက်ဆိုင်ရာကုန်ကြမ်းဖြင့်ထုတ်လုပ်ထားသည့်ကမ္ဘာ့ပထမဆုံးယူနီဆက်ကွန်ဒုံး မလေးရှားဆရာဝန်များမိတ်ဆက်။

 

ဝမ်ဒါလစ်ဖ် (Wondaleaf) နာမည်ဖြင့်ထုတ်လုပ်ထားသော ယူနီဆက် (Unisex) ကွန်ဒုံးသည် လိင်ပိုင်း ဆိုင်ရာကျန်းမာရေးကိုအထောက်အကူပြုနိုင်မည်ဖြစ်ပြီး အမျိုးသားနှင့်အမျိုးသမီးများအပါအဝင် လိင်စိတ်တိမ်းညွတ်သူများအတွက်အဆင်ပြေစေမည်ဟု မလေးရှားနိုင်ငံရှိဆေးပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Twin Catalyst ၏ ကုန်ပစ္စည်းသုတေသနနှင့်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ သားဖွားမီးယပ်အထူးကုဆရာဝန် John Tang Ing Chinh ဆိုသည်။

 

အဆိုပါကွန်ဒုံးကို အရည်အသွေးမြင့် ပိုလီယူရီသိန်း (Polyurethane) ဖြင့်ထုတ်လုပ်ထားခြင်းကြောင့် ပါးလွှာခြင်း၊ ဆန့်နိုင်ကျုံ့နိုင်ခြင်း၊ ခိုင်ခန့်ခြင်း၊ ရေလုံခြင်း စသည့်အားသက်ချက်များကို ပိုင်ဆိုင်ထားသည်ဟုဆိုသည်။

 

အသုံးပြုသည့်အခါ ရှိနေမှန်းမသိရလောက်အောင်ပါးလွှာသည်ဟု ဆရာဝန်ကဆိုသည်။

 

 

ဆေးဘက်ဆိုင်ရာသုတသနေပြုမှုနှင့်အကြိမ်ရေများစွာစမ်းသပ်မှုအရ ယုံကြည်စိတ်ချရသည့်အရည်အသွေးနှင့်ပြည့်စုံသည်ဟု ယူဆထား၍ လာမည့် ဒီဇင်ဘာလတွင် ကုမ္ပဏီဝဘ်ဆိုက်မှတဆင့် ရောင်းချသွားမည်ဟု ဆိုသည်။

 

“ကျနော်တို့ရဲ့ဆေးဘက်ဆိုင်ရာထပ်ခါထပ်ခါစမ်းသပ်ချက်အရ ဒီကွန်ဒုံးဟာ လိင်ပိုင်းဆိုင်ရာကူးစက်ရောဂါတွေနဲ့ မလိုလားအပ်တဲ့ကိုယ်ဝန်ဆောင်တာကိုကာကွယ်နိုင်ဖို့အတွက် သန္ဓေတားမှုကိုထောက်ပံ့ ပေးနိုင်မယ့်နောက်ထပ်ရွေးချယစရာတစ်ခုဖြစ်လာမယ် ယုံကြည်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

 

ဝမ်ဒါလစ်ဖ်ကွန်ဒုံးတစ်ဘူးလျှင် ၂ ခုပါရှိပြီး ၁၄.၉၉ ရင်းဂစ် (၁၂၀ ဘတ်) ဈေးနှုန်းဖြင့်ရောင်းချသွားမည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS