14 May 2024

—————————————

အောက်တိုဘာ ၅ ရက်၊ ၂၀၂၁

.

အောက်တိုဘာ ၄ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင် သံသယဖြစ်စရာ လူတစ်စုကိုတွေ့ရှိခဲ့တယ်လို့ သတင်းပေးပို့ချက်အရ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေသွားရောက်စစ်ဆေးကြည့်လိုက်တော့ မူ ၈ နောင်လူးကျေးရွာအုပ်စု စံခလဘူမြို့နယ် ကန်ကျနဘူရီခရိုင်ရှိတောစပ်တစ်ခုမှာ မြန်မာ ၃၅ ဦီးကိုစစ်ဆေးတွေ့ရှိခဲ့ကြောင်း ခရိုင်ဖေ့ဘွက်ခ်စာမျက်မှာဖော်ပြထားပါတယ်။

 

 

မြန်မာနိုင်ငံသား ၃၅ ဦီးမှာ အမျိုးသမီး ၁၇ ဦီးနှင့် အမျိုးသား ၁၈ ဦးဖြစ်ကြပါတယ်။ ၃၅ ဦီးထဲကတယောက်ပြောတာကတော့ သူတို့တွေဟာ မော်လမြိုင်မြို့၊ ပဲခူးမြို့၊ ဘားအံမြို့၊ ကနေလာခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာပွဲစားတစ်ဦးထံက အချိတ်အဆက်ရလို့ စမုဆာခွန်ခရိုင်နှင့်ဗန်ကောက်မြို့နယ်တွင်းကစက်ရုံတွေမှာ အလုပ်သမားလိုအပ်နေတယ်ပြောလို့ လာခဲ့ကြကြောင်းပြောပါတယ်။ တစ်ဦီးကို ၂၅၀၀၀-၂၈၀၀၀ ဘတ်အထိကုန်ကျခဲ့တယ်လို့သူကဆက်ပြီးပြောပါတယ်။

 

 

ထိုနောက်ဖမ်းမိထားတဲ့ မြန်မာ ၂၅ ဦီးကို ထိုင်းနိုင်ငံ ကျန်းမာရေးစည်းကမ်းချက်အရ သူတို့တွေကို ATK နဲ့ နှာခေါင်းထိုးစစ်ဆေးကြည့်လိုက်တော့ ၃၅ ဦီးလုံးမှာရောဂါလက္ခဏာတစ်စုံတစ်ရာမတွေ့ရပါ။ ကွာရန်တင်းစင်တာမှာ ရောဂါစောင့်ကြည့်ပြီးရင် ဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

Ref: ข่าวภูมิภาคกาญจนบุรี/ https://www.facebook.com/CaoCaoOnline

SHARE THIS NEWS

OTHER NEWS