10 May 2024

,

ပီအက်စ်ဂျီနဲ့ ဆေးစစ်မှုခံယူ ဖို့အတွက် မိသားစုနဲ့အတူ ပါရီကိုရောက်ရှိလာပြီဖြစ်တဲ့ မက်ဆီ

■ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ နှစ်နှစ်စာချုပ်ချုပ်ဆိုတော့မယ့်မက်ဆီဟာ ဆေးစစ်မှုခံယူ ဖို့အတွက် ပါရီမြို့ကို သူ့ရဲ့မိသားစုနဲ့အတူရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာနဲ့ လမ်းခွဲပြီး တစ်ပတ်အတွင်းမှာပဲ ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ ၂နှစ်သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုဖို့သဘော တူညီမှုရရှိခဲ့တာပဲဖြစ်ပါတယ်။

ပြင်သစ်ကိုမထွက်ခွာခင် ဘာစီလိုနာလေဆိပ်မှာ မက်ဆီဟာသူ့ရဲ့ မိသားစုနဲ့အတူဓာတ်ပုံရိုက်ခဲ့သလို ပြင်သစ်ကိုထွက်ခွာမယ့်သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယဉ်ပေါ်မှာ မက်ဆီဟာသူ့ရဲ့ဇနီး အန်တိုနယ်လာနဲ့ အတူ ဆဲလ်ဖီဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။

ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ပြင်သစ်နိုင်ငံ ပါရီလေဆိပ်ကိုရောက်ရှိလာခဲ့တဲ့ မက်ဆီဟာ ပြင်သစ်လို “ဒါဟာပါရီ”လို့ အဓိပ္ပာယ်ရတဲ့ တီရှပ်အဖြူကိုဝတ်ဆင်ထားပြီး သူ့ကိုစောင့်ဆိုင်းကြိုဆိုနေကြတဲ့ ပီအက်စ်ဂျီပရိတ်သတ်တွေကို လက်ဝှေ့ယမ်းနှုတ်ဆက်ပြခဲ့ပါတယ်။

မက်ဆီကိုခေါ်ယူနိုင်ခဲ့တဲ့အကြောင်းကို ပီအက်စ်ဂျီဟာ သူတို့ရဲ့တွစ်တာမှာ ဘလွန်းဒီအောဆု၆ခုကို အီဖယ်လ်မျှော်စင်နောက်ခံနဲ့ရိုက်ကူးပြီးတင်ခဲ့ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ တစ်ပတ်လုပ်ခ လစာအဖြစ် ပေါင်တစ်သန်းနီးပါးရရှိမှာဖြစ်ပေမယ့် ပြင်သစ်အစိုးရကိုပေးဆောင်ရမယ့်အခွန်က ၄၅ရာခိုင် နှုန်းဖြစ်တဲ့အတွက် ပေါင် ၅သိန်းခွဲလောက်ပဲအသားတင်ရရှိမှာဖြစ်ပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

#Sportinsight #Sport #Football #PremierLeague #EPL #La_Liga #Serie_A

SHARE THIS NEWS

OTHER NEWS