28 April 2024

၂၀၂၁ စက်တင်ဘာလ ၂၁ ရက် (ယနေ့) နေ့လည်ပိုင်းက တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နှင့် မဲ့ဆောက် ရဲစခန်းမှ တာဝန်ရှိသူများ မဲဆောက်မြို့အထွက်တွင် ဂိတ်ချစစ်ဆေးနေစဉ် ရဲအယောင်ဆောင်ပြီး

မာစီးဒီကားဖြင့် မြန်မာ ၃ ဦး တရုတ်နိုင်ငံသား ၁ ဦးကို ဘန်ကောက်သို့ပို့ရန် တင်ဆောင်လာသည့် ထိုင်းလူမျိုးတစ်ဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။

 

မဲဆောက်မှ – ဘန်ကောက်သို့ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး တရုတ်နိုင်ငံသား ၁ ဦးတင်ပို့ရန်ကြိုးစားတဲ့ ထိုင်းလူမျိုးယာဥ်မောင်း ဖုန်စထွန် အသက် ၅၀ ဟာ ရဲတွေကို

မျက်စိလှည့်ရန် ထိုင်းရဲယူနီဖောင်းဝတ်ဆင်ကာ မာစီးဒီကား ကိုအသုံးပြုမောင်းနှင်လာခဲ့တာဖြစ်ပါတယ်။

 

 

 

သူဟာ ကားပေါ်မှာလိုက်ပါလာတဲ့သူတွေကိုလည်း ရဲယူနီဖောင်း ဝတ်ဆင်စေပြီး လိုက်ပါလာစေခဲ့တာပါ။

 

တာဝန်ရှိသူတွေက မသင်္ကာစရာမားစီးဒီးကား ကိုစစ်ဆေးချိန်မှာတော့ ရဲယူနီဖောင်းဝတ်ဆင်ထားတဲ့ ယာဥ်မောင်းဟာ ဘန်ကောက်မှာ အရေးကြီးကိစ္စရှိတာကြောင့်

စစ်ဆေးရေးဂိတ်ကိုဝင်ရန်အချိန်မရှိဘူးဆိုပြီး ပြောခဲ့ရာမှ တာဝန်ရှိသူတွေက သံသယဝင်ပြီး စစ်ဆေးခဲ့ရာမှာ အနောက်ခန်းမှာရဲယူနီဖောင်းဝတ်ထားတဲ့ မြန်မာနိုင်ငံသား ၃ ဦး တရုတ်နိုင်ငံသား ၁ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။

 

ထပ်မံပြီးကားရဲ့နောက်ဖုံးကိုဖွင့်ပြီး စစ်ဆေးခဲ့ရာတွင်လည်း ရဲမှုးအဆင့် ယူနီဖောင်းတွေကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

 

ယာဥ်မောင်းအပါအဝင် ၅ ဦးလုံးကို တာဝန်ရှိသူတွေက မဲဆောက်ဆေးရုံသို့ ကိုဗစ်စစ်ဆေးရန်ပို့ဆောင်ခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကနဦးသတင်းသိရပါတယ်။

 

 

ထိုင်းမြန်မာနယ်စပ် မဲ့ဆောက်ဂိတ်တွေမှာ အခုရက်တောအတွင်း အမြဲလိုလို နည်းမျိုးစုံနဲ့ ထိုင်းကို ဝင်ရောက်ဖို့ကြိုးစား တဲ့သူတွေကို ဖမ်းဆီးရမိလေ့ရှိတယ်လို့ သိရပါတယ်။

SHARE THIS NEWS

OTHER NEWS