9 May 2024

,

အင်္ဂလန်ဒါဘီပွဲစဉ်မှာ အသာစီးရခဲ့တဲ့အတွက် ထိုင်းနိုင်ငံတောင်ပိုင်းက လီဗာပူးပရိသတ်တစ်ဦးဟာဗီနိုင်းဆိုင်းဘုတ်နဲ့လှည့်လည်အောင်ပွဲခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့လီဗာပူးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ လီဗာပူးအသင်းက အိုးထရက်ဖို့ဒ်ကွင်းမှာ ၅ ဂိုးပြတ်နဲ့အနိုင်ယူပြီး သမိုင်းစာမျက်နှာသစ်လှန်လိုက်တဲ့နောက်မှာတော့ ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့ကလီဗာပူးပရိသတ်တစ်ဦီးဟား ဗီနိုင်းဆိုင်းဘုတ်ကိုပစ်ကပ်ကားပေါ်တင်ပြီး မြို့အတွင်းလှည့်လည်အောင်ပွဲခံခဲ့ပါတယ်။

အဲဒီဗီနိုင်းပေါ်မှာ ဂိုးရလဒ်ကိုဖော်ပြထားပြီး “အားကစားဆိုတာအနိုင်အရှုံးရလဒ်ကိုလက်ခံရမဘ် အားကစားစိတ်ဓာတ်ရှိရမယ်” လို့အဓိပ္ပာယ်သက်ရောက်တဲ့ ထိုင်းဘာသာစာတမ်းကို ဖော်ပြထားပါတယ်။

အခုလိုလုပ်တာဟာ သူ့ရဲ့သရဲနီဖန်သူငယ်ချင်းတစ်ဦးကိုပေးထားတဲ့ကတိအတိုင်းလုပ်တာပါဆိုပြီးလီဗာပူးပရိသတ်က ဆိုပါတယ်။

“ရှုံးတဲ့အသင်းပရိသတ်တွေကိုလှောင်ပြောင်တာမဟုတ်ပါဘူး သူငယ်ချင်းကိုပေးထားတဲ့ကတိအတိုင်းလုပ်တာပါ” ဆိုပြီး မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS