6 May 2024

ကိုဗစ်-၁၉ ထပ်တိုးလူနာဦးရေတဟုန်ထိုးမြင့်တက်လာပြီးနောက် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတချို့ကိုခရီးသွားခြင်းမပြုကြရန် အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဗဟိုဌာန (စီဒီစီ)မှ

အမေရိကန်ပြည်သူများကိုသတိပေး ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းတွင် စီဒီစီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က နိုင်ငံခြားခရီးသွားခြင်း သတိပေးမှုအဆင့်ကိုနောက်ဆုံးအကြိမ်ပြောင်းလဲသတ်မှတ်ခဲ့ပြီး ထိုင်းနိုင်ငံကို

 

ကိုဗစ်-၁၉ ကူးစက်နိုင် ခြေအမြင့်မားဆုံးအဆင့်ဖြစ်သည့် အဆင့်-၄ အဖြစ်တိုးမြှင့်သတ်မှတ်ခဲ့သည်။

 

တချိန်တည်းတွင် ထိုင်းနိုင်ငံတွင် နေ့စဉ်ထပ်တိုးလူနာဦးရေး ၂ သောင်းကျော်ရှိလာပြီးနောက် ဗီဇပြောင်းကိုဗစ်-၁၉ မျိုးကွဲအသစ်များကူးစက်နိုင်၍ ကာကွယ်ဆေးနှစ်ကြိမ်ပြည့်ထိုးနှံထားသူများကို

 

လည်း ထိုင်းနိုင်ငံသို့ခရီးသွားခြင်းမပြုရန် သတိပေးထားသည်။

 

 

အလားတူ အစ္စရေး၊ ပြင်သစ်၊ အိုင်စလန် စသည့်နိုင်ငံများကိုလည်း အဆင့်-၄ တိုးမြှင့်သတ်မှတ်လိုက်ပြီးပြည်သူများအားအဆိုပါနိုင်ငံများသို့ခရီးသွားခြင်းမပြုရန် သတိပေးထားသည်။

 

ဩဂုတ် ၁၃ ရက် ၂၀၂၁ ခုနှစ်

SHARE THIS NEWS

OTHER NEWS