10 May 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်

Delivery ဝန်ဆောင်မှုအတွက် 7-Eleven က ALL WELLNESS COMPANY LIMITED နှင့်ပူးပေါင်းကာ Delivery Robot ကို တီထွင်ခဲ့ပါတယ်။ စက်ရုပ်ရဲ့စွမ်းဆောင်ရည်ကြောင့် 7-Eleven က အလုပ်သမားတွေအတွက် များစွာအထောက်အကူ ဖြစ်လိမ့်မယ်လို့ထုတ်လုပ်သူတွေက ယုံကြည်ထားပါတယ်။

 

 

အဆိုပါ Delivery Robot စက်ရုပ်ကို လျပ်စစ်စွမ်းအင် အသုံးပြုမောင်းနှင်မှာဖြစ်တာကြောင့် ပတ်ဝန်းကျင်နှင် သဟဇာတဖြစ်စေမှာ ဖြစ်တယ်လို့လည်း တီထွင်သူတွေကဆိုပါတယ်။

 

လက်ရှိမှာဆိုရင် ထိုင်းနိုင်ငံကမြို့ကြီးတွေမှာ 7-Eleven က ပစ္စည်းမှာယူသူတွေကို 7-Eleven ဝန်ထမ်းတွေက တစ်ဆင့် နေ့ရောညပါ Delivery ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး Delivery Robot ကို စမ်းသပ်အောင်မြင်ပြီးစီးတဲ့အခါ ဝန်ထမ်းတွေအစား ညဘက်အချိန်တွေမှာ Delivery ပို့ဆောင်နိုင်ဖို့ Delivery Robot ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

(ဗီဒီယိုကြည့်ရန်)

 

https://www.facebook.com/cpall7/videos/903188030557681/

 

ယခုဆိုရင် စမ်းသပ်ကာလအဖြစ် Delivery Robot ကို ဘန်ကောက်မြို့ Chaengwattana လမ်းမကြီးအနီးက The Tara ဆိုင်ခွဲမှာအရင် အသုံးပြုနေပြီဖြစ်တယ် လို့သိရပါတယ်။

 

 

ထပ်မံပြီး Delivery ပို့ချိန်မှာ ပစ္စည်းပျောက်ငှ မှုတွေမဖြစ်အောင် Delivery Robot မှာ လုံခြုံရေးစနစ်ထည့်သွင်းထားပြီး အတားအဆီးတွေကို ရှောင်ရှားနိုင်မယ့် ဆင်ဆာစနစ်၊ အနိမ့်အမြင့် မတူညီတဲ့ပလက်ဖောင်းတွေပေါ်မှာ ချိန်ဆသွားလာနိုင်မယ့် ဆင်ဆာစနစ်နဲ့ အလိုအလျောက်လမ်းညွှန်စနစ်တွေ ထည့်သွင်းပေးထားပြီး အဝေးထိန်းစနစ်ဖြင့် မော်နီတာလုပ်နိုင်အောင်လည်း ပြုလုပ်ထားတယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS