14 May 2024

နိမ်းလစ်ကိုင်ဆောင်ထားသူများကို စက်တင်ဘာလကုန်အထိ ဖြေလျှော့ပေးရန် အတည်ပြု
.
ဩဂုတ် ၉ ရက်၊ ၂၀၂၃
.
လူသစ်ဘတ်ရိုက်ရန်အတွက် နိမ်းလစ်ကိုင်ဆောင်ထားသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့်ဗီယက်နမ် ရွှေ့ ပြောင်းလုပ်သားများကို စက်တင်ဘာလ ၃၀ ရက်နေ့ (၂၀၂၃) အထိ တရားဝင်နေထိုင်လုပ်ကိုင်ခွင့်ရရှိရန် အတွက် ဖြေလျှော့ခွင့်ပေးရန် ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန၏အဆိုပြုချက်ကို ယမနေ့ ဩဂုတ်လ ၈ ရက် (၂၀၂၃) နေ့တွင် ကျင်းပခဲ့သော ထိုင်းအစိုးရအဖွဲ့ (ယာယီ) ပုံမှန်အစည်းအဝေးတွင် အတည်ပြုပေးခဲ့သည် ဟု ထိုင်းဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဓနဓိရာဇ်က ယမန်နေ့ နေ့လည်ပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။
.
ထို့ကြောင့် လူသစ်ဘတ်ရိုက်ရန်အတွက် နိမ်းလစ်ကိုင်ဆောင်ထားသောသူများ (၄ နှစ်ကုန် MoU များအကျုံး မဝင်ပါ )သည် ၃၀-၉-၂၀၂၃ ရက်နေ့အထိ တရားဝင်နေထိုင်လုပ်ကိုင်နိုင်မည်ဖြစ်သည်။
.
ပုံစာ : မဟာချိုင်းစီအိုင်ရုံးတွင် ထိုင်းရောက်မြန်မာများ တန်းစီနေစဉ်
.

SHARE THIS NEWS

OTHER NEWS