3 May 2024

တက္ကစီယာဉ်မောင်းတဦးက အတွင်းခံဘောင်းဘီမဝတ်ဘဲ ခရီးသည်ကို မဖွယ်မရာပြု
.
ဇွန် ၂၆ ရက်၊ ၂၀၂၃
.
ထိုင်းတက္ကစီယာဉ်မောင်းတစ်ဦးဟာ အတွင်းခံဘောင်းဘီမဝတ်ဘဲ ခရီးသည်များကို မဖွယ်မရာပြုသည်
ဟု Social Hunter 2021 ပေ့ချ်က သတိပေး ဖော်ပြထားသည်။
.
အဆိုပါ တက္ကစီကို လိုက်ပါစီးနင်းဖူးသော ထိုင်းအမျိုးသမီးတစ်ဦးက သူမ၏အတွေ့ အကြုံကိုလူမှုကွန် ရက်ပေါ်တွင် ပြန်လည်မျှဝေထားသည်ဟု ဖော်ပြထားသည်။
.
ယင်းအမျိုးသမီးက သူမအပါအဝင် သူငယ်ချင်း ၂ ဦးနှင့်အတူ ၎င်းတက္ကစီကို လိုက်ပါစီးနင်းခဲ့ရာ ယာဉ် မောင်းမှာ အတွင်းခံဘောင်းဘီဝတ်ဆင်ထားခြင်းမရှိသည့်အပြင် ခရီးစဉ်တောက်လျှောက်ဆိုသလို သူ၏ဖွားဖက်တော်ကိုကိုင်ပြခြင်း ညှစ်ပြခြင်း ညည်းသံပေးခြင်း စသည့်မဖွယ်မရာလုပ်ရပ်များကို လုပ်ပြ သည်ဟု ရေးသားထားသည်။
.
ယင်းတက္ကစီယာဉ်မောင်း၏မဖွယ်မရာလုပ်ရပ်နှင့်ပတ်သက်ပြီး ကုန်းလမ်းပို့ဆောင်ရေးမှ ကွင်းဆင်း စစ်ဆေးပြီး ကိုင်တွယ်ပေးရန် တိုက်တွန်းထားသည်။
.
Photo: Social Hunter 2021
.

SHARE THIS NEWS

OTHER NEWS