25 April 2024

ထိုင်းနိုင်ငံတွင် ယခင်တုန်းကမူးယစ်ဆေးဝါးစာရင်းဝင်ဖြစ်တဲ့ ဘိန်းစာရွက်ကို သြဂုတ်လ ၂၄ ရက်နေ့မှစပြီး ကင်းလွတ်ခွင့်ပေးလိုက်ပြီးဖြစ်ပါတယ်။ အဲဒီနေ့မှာလဲ ယခင်တုန်းက ဘိန်းစာရွက်အမှုနဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ လူဦီးရေ ၁၀၀၀ ကျော်ကိုလဲ လွတ်ပေးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။ ထိုနောက်မှာတော့ ပြည်သူများအနေနဲ့ ဘိန်းစာရွက်အပင်ကို ကန့်သတ်ချက်မရှိ စိုက်ပျိုးနိုင်ခြင်း၊ ရောင်းချခြင်းနှင့် အိမ်တွင်းပြုတ်သောက်မယ်ဆိုရင်လဲ ခွင့်ပြုချက်တောင်းစရာမလို့ သုံးစွဲနိုင်တယ်လို့ (NACC) ၏အထွေထွေအတွင်းရေးမှူး Wichai Chaimongkol ပြောပါတယ်။

 

ဘိန်းစာရွက်ပြုတ်ရည်တွေကို ဗူးထဲထည့်ပြီး ရောင်းချနေတာတွေကိုတော့ ခွင့်ပြုချက်ပေးထားတာမရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးဝန်းကြီးဌာနဘက်က ဘိန်းစာရွက်ကို ထုတ်လုပ်ပြီး ဖြန့်ဖြူးရောင်းချတာတွေကို တားမြစ်ချက်ကရှိနေသေးလို့ပဲ ဖြစ်ပါတယ်။ အကယ်၍ ခွင့်ပြုချက်တောင်းပြီး ဘိန်းစာရွက်ရည်ကိုပြုတ်ရောင်းမယ်ဆိုရင်လဲ လုပ်လို့မရသေးပါဘူး။ ဒါပေမဲ့ ဒီတားမြစ်ချက်ကိုလဲ အဖြေရှာရန်အတွက် သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းသွားဖို့ရှိလို့ (NACC) ၏အထွေထွေအတွင်းရေးမှူး Wichai Chaimongkol ကဆက်ပြောပါတယ်။ အဓိကအချက်ကတော့ အသက် ၁၈ နှစ်အောက်ကိုတော့ ဘိန်းစာရွက်ရောင်းပေးလို့မရသေးပါ။ ပြီးတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ နို့တိုက်မိခင်တွေလဲပါတယ်။ ရောင်းချပေးလို့မပါဘူး။ နောက်ပြီးတော့ ဘိန်းစာရွက်ကို ပြောင်းလဲသုံးစွဲတာ၊ အခြားဆေးတွေနဲ့ ၄x၁၀၀%ရောစပ်အသုံးပြုရင်လဲ အပြစ်ဖြစ်နိုင်ပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ ข่องวัน 31 HD Thai/Post

SHARE THIS NEWS

OTHER NEWS