26 April 2024

ယ​နေ့ည ​ပိတ်ရက်ရှည်အကြို​နေ့ မော်ချစ်ကားဝင်း မြင်ကွင်း
.
ဇူလိုင် ၂၇ ရက်၊ ၂၀၂၃
.
ပြည်တွင်းခရီးသွားလုပ်ငန်း မြှင့်တင်ရန်ရည်ရွယ်
၍ ဇူလိုင်လ ၃၁ ရက်(၂၀၂၃) ​နေ့ကို အထူးအစိုးရရုံးပိတ်ရက်အဖြစ် ထိုင်းအစိုးရမှ ​ကြေညာလိုက်ပြီး​နောက် ယ​နေ့ည​နေတွင် ​မြို့​တော်ဗန်​ကောက် မော်ချစ်အ​ဝေး​ပြေးကားဝင်း၌ နယ်မြို့များသို့ခရီးထွက်မည့်သူများဖြင့် စည်ကား​နေသည်။
.
မနက်ဖန် ဇူလိုင် ၂၈ ရက်​နေ့တွင် ထိုင်းဘုရင်​မွေး​နေ့ဖြစ်၍ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး အလားတူ သြဂုတ်လ ၁ ရက်​နေ့တွင် ထိုင်းဝါဆိုလပြည့်​နေ့ဖြစ်၍ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကာ ဩဂုတ်လ ၂ ရက်​နေ့မှာ ဝါဝင်​နေ့ဖြစ်၍ အစိုးရရုံးပိတ်ရက် ဖြစ်သည်။
.
ထို့​ကြောင့် ထိုင်းအစိုးရဝန်ထမ်းများအ​နေဖြင့် ၆ ရက်ဆက်တိုက် အလုပ်နားခွင့်ရရှိမည်ဖြစ်သည်။
.
.
.
Photo: Pathumthani news
.

SHARE THIS NEWS

OTHER NEWS