26 April 2024

,

ရေပူ၊ ရေအေးချိုးခြင်းကြောင့်ရတဲ့အကျိုးကျေးဇူးတွေကို အားလုံးကြားဖူးနားဝရှိကြလိမ့်မယ်။ ရေအေးနဲ့ရေချိုးခြင်းဟာအချို့အတွက် လန်းဆန်းမှုတွေကို ပေးစွမ်းသလို အချို့တွေကတော့ အသားအရေ ခြောက်သွေ့စေတာကြောင့် မကြိုက်ကြပြန်ပါဘူး။ ၂ မျိုးလုံးကတော့ အကောင်းနဲ့အဆိုးဒွန့်တွဲနေတာဆိုတော့ ရေပူနဲ့ရေအေးချိုးခြင်းက ဘယ်လိုကွာခြားမှုတွေရှိလဲဆိုတာ ရေးသားပေးလိုက်ပါတယ်။

ရေပူနဲ့ရေချိုးခြင်းမှရတဲ့အကျိုးကျေးဇူးနှင့်အကျိုးသက်ရောက်မှုများ

ရေပူနဲ့ရေချိုးခြင်းက ကြွက်သားတောင့်တင်းခြင်းကို ဖြေလျော့နိုင်ပါတယ်။ ချွေးပေါက်အတွင်းမှာရှိတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပြီး လေ့လာချက်တွေအရ ရေပူနဲ့ရေချိုးခြင်းက ပိုပြီး အိပ်ပျော်စေတယ်လို့ဆိုပါတယ်။

ဒါပေမယ့်လို့လည်း ရေပူနဲ့ရေချိုးခြင်းက စတဲ့အကျိုးသက်ရောက်မှုတွေရှိစေနိုင်ပါတယ်။

– အသားအရေခြောက်သွေ့ခြင်း

ရေပူနဲ့ရေချိုးခြင်းက အသားအရေပေါ်မှာရှိတဲ့ အဆီဓာတ်တွေကို ဖယ်ရှားပေးတာကြောင့် အပေါ်အရေပြားက ဆဲလ်တွေအတွက် အနှောင့်အယှက်ဖြစ်ပြီး အသားအရေရေဓာတ်ခန်းခြောက်ခြင်းကိုဖြစ်စေတာပါ။

– အသားအရေယားယံခြင်း

ရေပူနဲ့ရေချိုးခြင်းကြောင့် Mast Cells လို့ခေါ်တဲ့ သွေးဖြူဥတွေကို ဆုံးရှုံးရစေပြီး အရေပြားယားယံခြင်းကို ဖြစ်စေနိုင်ပါတယ်။

– အသားအရေထိခိုက်ခြင်း

ရေပူနဲ့ရေချိုးခြင်းကြောင့် အချို့အရေပြားရောဂါတွေ ပိုမို ဆိုးရွားစေပါတယ်။

– သွေးပေါင်မြင့်တက်ခြင်း

ချိုးတဲ့ရေအပူချိန်ပမာဏာမြင့်ခြင်းက သွေးဖိအားကို ပိုမိုမြင့်တက်နိုင်ပါတယ်။ သွေးတိုးရှိသူများ နှလုံးရောဂါရှိသူများ သွေးကြောဆိုင်ရာရောဂါခံစားနေရတဲ့ သူများ ရေအပူနဲ့ရေမချိုးသင့်ပါဘူး

ရေအေးနဲ့ရေချိုးခြင်းမှရတဲ့အကျိုးကျေးဇူးနှင့်အကျိုးသက်ရောက်မှုများ

အခန်းပူချိန်ရှိတဲ့ရေနဲ့ရေချိုးခြင်းက ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။ ဒါပေမယ့်လည်း ရေအေးချိုးခြင်းက အချို့သူတွေအတွက် အကျိုးသက်ရောက်မှုတွေရှိစေနိုင်ပါတယ်။

– ခန္ဓာကိုယ်၏သွေးလည်ပတ်မှုစနစ်ကိုလှုံ့ဆော်ပေးခြင်း

ရေအေးနဲ့ရေချိုးချိန်မှာ အရေပြားအထက်လွှာမှာရှိတဲ့ သွေးကြောတွေဟာ ကျုံ့သွားနိုင်ပါတယ်။ ဒါကြောင့် အရေပြားအောက်လွှာက သွေးကြောများဟာ ခန္ဓာကိုယ်အပူချိန်ကို အကောင်းဆုံးထိန်းသိမ်းထားရန် ပိုမိုကောင်းမွန်နေစေမှာ ဖြစ်ပါတယ်။

– endorphin ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးခြင်း

ခန္ဓာကိုယ်က endorphin ဓာတ်ထုတ်လွှတ်တဲ့အခါ စိတ်ပျော်ရွှင်မှုရပါတယ်။ ဒါကြောင့် ရေအေးနဲ့ရေချိုးပြီးတိုင်း လန်းဆန်းတက်ကြွတဲ့ခံစားမှုဖြစ်ပေါ်စေမှာပါ။

– ကြွက်သားများနာကျင်ခြင်းနှင့်အရေပြားယားယံခြင်းကိုသက်သာစေခြင်း

ရေအေးနဲ့ရေချိုးခြင်းက ပြင်းထန်စွာ အလုပ်သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပြီးလို့ ကြွက်သားများနာကျင်ကိုက်ခဲခြင်းကို ဖြေလျော့ပေးနိုင်ပါတယ်။

သို့ပေမယ့်လည်း သတိထားရမှာက အလွန်အေးခဲတဲ့ရေနဲ့ရေချိုးတဲ့အခါ ဖျားနာခြင်း နာတာရှည်ရောဂါများပြန်လည် နိုးကြွလာခြင်းတို့ဖြစ်စေပါတယ်၊။

SHARE THIS NEWS

OTHER NEWS