4 May 2024

ထိုင်းနိုင်ငံကို ခိုးလမ်းက လာဖို့ကြိုးစားတဲ့သူတွေကို ထိုင်းအာဏာပိုင်တွေက နေ့စဉ် ရာနဲ့ချီပြီး ဖမ်းမိနေတယ်ဆိုပေမယ့် လာချင်ကြတဲ့သူတွေကတော့ နည်းလမ်းပေါင်းစုံ ကြံဆပြီး ဝင်ရောက်လာနေဆဲပါ။

 

လက်ရှိမှာ ၂၀၂၁ နိုဝင်ဘာလ ၂၄ ရက် နေ့လည် ၂ နာရီခန့်က ဘန်ကောက်ကို သွားရန် တက္ကစီ နောက်ဖုံးမှာ အိပ်လိုက်လာတဲ့ မြန်မာ လုပ်သားတစ်ဦးနှင့် အတူ လက်ခံ ခေါ်ဆောင်လာတဲ့ တက္ကဆီသမားကို ထိုင်းအာဏာပိုင်တွေက ချုံဖော်ခရိုင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

 

တက္ကစီ သမားကတော့ သူဟာ ဘန်ကောက်ကလာတဲ့ ဧည့်သည် တစ်ဦးကို ရနောင်း လိုက်ပို့ရင်းက ဘန်ကောက်အပြန် တက္ကစီငှားတဲ့ အက်ပလီကေးရှင်းကနေ ဆက်သွယ်လာတဲ့ မြန်မာတစ်ဦးကို ဘတ် ၇ ထောင်နဲ့ ဈေးဖြတ်ပြီး တင်ဆောင်လာခဲ့တာလို့ ပြောပါတယ်။

 

ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလုပ်သားဟာ ထားဝယ်က ဖြစ်ပြီး ရနောင်းမှာ အလုပ်လုပ်နေတာ ၅ နှစ်ရှိပြီဖြစ်ကြောင်း သူဟာ နွန်ထဘူရီမှာရှိတဲ့ အဖေအမေဆီသွားဖို့ တက္ကစီငှားပြီး နယ်ကျော်လို့မရသေးတာကြောင့် ကားနောက်ဖုံးမှာ အိပ်လိုက်လာခဲ့တာဖြစ်တယ်လို့ ထွက်ဆိုပါတယ်။

 

အာဏာပိုင်တွေကတော့ ကိုဗစ်စည်းကမ်းနှင့် အညီ စစ်ဆေးမှုတွေပြုလုပ်ပြီး နေရပ်ပြန်ပို့ရန် လုပ်ဆောင်သွား မှာဖြစ်တယ်လို့ ပြောပါတယ်။

SHARE THIS NEWS

OTHER NEWS