10 May 2024

ကမ္ဘာတဝန်းပထမဆုံး ဒုတိယမျိုးဆက် ကိုဗစ်-၁၉ ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့်ရရှိပြီဟုရန်ကုန်အခြေစိုက် တရုတ်သံရုံး ဖော်ပြ။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ၊ ကျန်းမာရေးနှင့်ကြိုတင်ကာကွယ်ဆေးဝန်ကြီးဌာနက Sinopharm CNBG ဒုတိယမျိုးဆက် (Second generation) Recombinant protein ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီးဟု ဖော်ပြထားသည်။

ယင်းကာကွယ်ဆေးသည် ကမ္ဘာတဝန်းပထမဆုံး အရေးပေါ်အသုံးပြုခွင့်ရရှိသည့် Second generation ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်သည်။

အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေးသည် မျိုးရိုးဗီဇပြောင်းရောဂါပိုးအမျိုးအစားအများအပြားအတွက် ယေဘုယျကာကွယ်ပေးနိုင်သည့်အာနိသင်ရှိသည်ဟု ရေးသားထားသည်။

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS