26 April 2024

ဓာတ်ပုံ โรงเหล้ามิตรภาพ โคราช

 

စက်တင်ဘာ ၂၄ ရက်၊ ၂၀၂၁

 

အရေးပေါ်ထုတ်ပြန်ချက်ကို ၂ လတိုးမြှင့်ရန် နှင့် အောက်တိုဘာ ၁ ရက်နေ့တွင် ခရီးသွားခွင့်ပြုရန် စီစဉ်ထားသည့် ခရိုင် ၅ ခုကို နိုဝင်ဘာ ၁ ရက်နေ့သို့‌ရွှေ့ဆိုင်းရန် ထိုင်းကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုစီမံအုပ်ချုပ်ရေးကော်မတီခွဲ အဆိုပြု။

 

ပြည်တွင်းကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် လာမည့်စက်တင်ဘာ ၃၀ ရက်နေ့တွင်သက်တမ်းကုန်ဆုံးမည့် လက်ရှိကျင့်သုံးနေသည့် အရေးပေါ်အခြေအနေစီမံအုပ်ချုပ်ရေးထုတ်ပြန်ချက် ဘီအီး ၂၅၄၈ ကို ၂ လထပ်မံတိုးမြှင့်ရန်အဆိုပြုမည်ဟု ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုစီမံအုပ်ချုပ်ရေး ကော်မတီခွဲ၏ ကော်မတီဉက္ကဋ္ဌဖြစ်သူ အမျိုးသားလုံခြုံရေးကောင်စီအထွေထွေအတွင်းရေးမှူးဗိုလ်ချုပ်ကြီး နတ္ထဖွန် နတ်ဖာနစ် ကဆိုသည်။

 

တချိန်တည်းတွင် ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားသည့် နိုင်ငံခြားသားခရီးသွားများကို ကွာရန်တင်းဝင်ရန်မလိုဘဲ လာမည့်အောက်တိုဘာ ၁ ရက်နေ့တွင် ခရိုင် ၅ ခုတွင်ဝင်ရောက်ခွင့်ပြုမည့်အစီအစဉ်ကိုနိုဝင်ဘာ ၁ ရက်နေ့သို့ရွှေ့ဆိုင်းရန်ကိုလည်း အဆိုပြုမည်ဟု ၎င်းကဆိုသည်။

 

 

ထို့ပြင် ပြတိုက်၊ ကျူရှင်ကျောင်း၊ စတိတ်ရှိုးပါဝင်သောစားသောက်ဆိုင်၊ ရုပ်ရှင်ရုံ၊ ပွဲကြည့်ပရိသတ်မပါသောမိုးလုံလေလုံအားကစားကွင်း စသည့်တို့ကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ပြီး ညမထွက်ရအမိန့်ကို ယခင်အတိုင်း ည ၉ နာရီမှနံနက် ၄ နာရီဆက်လက်သတ်မှတ်ရန် အဆိုပြမည်ဟု ဆိုသည်။

 

 

အဆိုပါ အဆိုပြုချက်များကို လာမည့် စက်တင်ဘာ ၂၇ ရက်တွင် ထိုင်းဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦီးဆောင်ကျင်းပမည့် ကိုဗစ်-၁၉ ဗဟိုကော်မတီအစည်းအဝေးတွင် အဆိုပြုတင်ပြပြီး သဘောထားရယူသွားမည် သိရသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS