3 May 2024

မြို့တော်ဗန်ကောက်အနောက်ဘက် စမွတ်ဆာခွန်ခရိုင်၊ ကရာထွန့်ဘန်းမြို့နယ်ရှိ ကရာထွန့်ဘန်းမီးပွိုင့်နားတွင်ဖွင့်လှစ်ထားသည့် ဘူဖေးဆိုင်တစ်ခုတွင် တစ်လဘတ် ၉ သောင်းပေး၍ ပုတ်ပြန်ပန်းကန်ဆေးဝန်ထမ်းခေါ်ယူ။

 

ကရာထွန့်ဘန်းရှိ အေးရှားဘူဖေးဆိုင်တွင် ပန်းကန်ဆေးဝန်ထမ်းရှားပါးသည့်ပြဿနာကို ဖြေရှင်းရန် အတွက် တစ်လလျှင် ဘတ် ၉ သောင်းပေးပြီး ပုတ်ပြတ်ပန်းကန်ဆေးဝန်ထမ်းခေါ်ယူနေသည်ဟုဆိုင်ပိုင်ရှင်က အတည်ပြုသည်။

 

 

ယခင်က ပန်းကန်ဆေးဝန်ထမ်း ၇ ဦး ၈ ဦးခန့်ထားပြီးလုပ်ငန်းလည်ပတ်ရာတွင် ဝန်ထမ်းများအလုပ်အပေါ်တာဝန်ယူမှုအားနည်းခြင်း၊ လစာထုတ်သည့်ရက်တွင်ပြိုင်တူအလုပ်နားခြင်းကြောင့် ပန်းကန်ဆေးမည့်သူမရှိခြင်းကြောင့် အခက်အခဲဖြစ်ခဲ့သည်ဟု ဆိုသည်။

 

တစ်နေ့လျှင်အရွယ်အစားအသီးသီးရှိ ပန်းကန်အချပ်ရေ ၁ သောင်းဆေးကြောပေးရမည်ဖြစ်ပြီး ပန်းကန်ဆေးစက် ၁ လုံးတပ်ဆင်ပေးထားကာ ပန်းကန်ဆေးအကျိုးဆောင်ကုမ္ပဏီ သို့မဟုတ် မိသားစုလိုက်၊ အဖွဲ့လိုက်စု၍ လာရောက်လျှောက်ထားနိုင်သည်ဟု ဆိုသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS