11 May 2024

,

အွန်လိုင်းကတစ်ဆင့် နွားမွေးပြီး အမြတ်ငွေရတယ်ဆိုတဲ့ အက်ပလီကေးရှင်းတစ်ခုကြောင့် ထိုင်းနိုင်ငံသားတွေ

အပါအဝင် မြန်မာနိုင်ငံသားတွေပါ ငွေလိမ်လည်ခံခဲ့ရတယ်လို့သိရပါတယ်။

အဲဒီဖြစ်ရပ်ကို ထိုင်းနိုင်ငံက နာမည်ကြီးပေ့ချ်တစ်ခုဖြစ်တဲ့ “Drama –Addict” ဆိုတဲ့ ပေ့ချ်ကချပြခဲ့တာပါ။

နွားမွေးတဲ့ အက်ပလီကေးရှင်းမပေါ်မီ ရုံးဖွင့်ပြီးအယုံသွင်းကာ လိမ်လည်ခဲ့တဲ့ nas-app.com ဆိုတဲ့ ဝဘ်ဆိုဒ်က

အခုရက်ပိုင်းအတွင်းမှာပဲ ဘတ်သန်းထောင်ချီပိုက်ပြီး နိုင်ငံခြားကို ထွက်ပြေးသွားခဲ့ပြီလို့သိရပါတယ်။

လိမ်လည်ခံခဲ့ရတဲ့ထိုင်းနိုင်ငံသားများရုံရှေ့သို့သွားရောက်စဉ် 

ဒီလို‌ ငွေလိမ်လည်နည်းကို “ပွန်ဇီစနစ်လိမ်လည်နည်း” လို့ခေါ်ပါတယ်။ အနောက်တိုင်းနိုင်ငံတွေမှာ ၂၀ ရာစု

ဦိးပိုင်းလောက်ကတည်းက “ပွန်ဇီစနစ်” နဲ့ မသမာသူအချို့က ငွေလိမ်လည်နေပြီ ဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ပွန်ဇီစနစ်ဖြင့်စတင်တီထွင်ခဲ့သူ Charles Ponzi 

ငွေလိမ်လည်သူဟာ သူတို့ကို သံသယမဖြစ်စေရန် ကုမ္ပဏီထောင်ကာ လာရောက်ရင်းနှီးမြှပ်နှံသူတွေကို ကုမ္ပဏီမှာ ရှယ်ရာဝင်တဲ့

ပုံစံဖြစ်အောင် အရင်ပုံဖော်လေ့ရှိပါတယ်။ အဲဒီနောက်မှာတော့ ရင်းနှီးမြှပ်နှံသူများအား ၎င်းတို့မက်လုံးပေးပြီး စတင်လိမ်လည်ထားတဲ့ ငွေဖြင့်

အကျိုးအမြတ်အမြောက်အများ ပြန်ပေးကာ လအနည်းငယ်မှာ ကုမ္ပဏီပိတ်ပြီး နိုင်ငံရပ်ခြားကို ထွက်ပြေးလေ့ရှိကြပါတယ်။

နိုင်ငံတိုင်းမှာ “ပွန်ဇီစနစ်” ကျင့်သုံးပြီး လိမ်လည်တဲ့ဂိုဏ်းတွေရှိကြပါတယ်။ ထိုင်းနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကစလို့

“ပွန်ဇီစနစ်”  ကျင့်သုံးပြီး လိမ်လည်ကြတဲ့ ဂိုဏ်းတွေ အမြောက်အများ စတင် ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီထဲမှာမှ အထင်ရှားဆုံးကတော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဖလမ်ဆောင်အနီးက “စံကျောင်ပင်”

ဆိုတဲ့ကုမ္ပဏီအမည်ခံ ငွေလိမ်ဂိုဏ်းတစ်ခုမှာ ထိုင်းရောက် မြန်မာအတော်များများ လိမ်လည်ခံခဲ့ကြရပါတယ်။ နောက်ပိုင်းမှာ

 အဲဒီငွေလိမ်ဂိုဏ်းကို ဖမ်းမိပေမယ့်လို့ လိမ်လည်ခံခဲ့ရတဲ့ငွေတွေ ကိုတော့ ပြန်မရခဲ့ကြပါဘူးလို့သိရပါတယ်။

စံကျောင်ပင်ကုမ္ပဏီမှသိမ်းဆည်းရမိခဲ့သောသက်သေခံပစ္စည်းများ

စံကျောင်ပင်ကုမ္ပဏီကြောင့် ထိခိုက်နစ်နာသူများ

၂၀၁၉ ခုနှစ် တုန်းကလည်း မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် ငွေကျပ် ၅ သိန်း ခန့် ထည့်ဝင်သူသည် တပတ်ပြည့်ပါက

ကျပ် ၇ သိန်းခန့်၊ ကျပ် ၁၀ သိန်းခန့် ထည့်ဝင်သူသည် တပတ်ပြည့်ပါက ကျပ် ၁၅ သိန်းခန့် ပြန်လည် ရရှိတယ်ဆိုပြီး

အွန်လိုင်း စုမဲ မသမာမှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးသူအမြောက်အများရှိခဲ့ပါတယ်။

အွန်လိုင်း စုမဲ မသမာမှု စုမဲဒိုင်နေအိမ်ကို နစ်နာသူများဝိုင်းထားစဉ် 

“ဒီလို လိမ်နည်းတွေဟာ ထိုင်းမှာရေပန်းစားနေခဲ့တာကြာပြီ အရင်ကဆို shopping mall ဆိုတဲ့ ပွန်ဇီလိမ်လည်နည်းတစ်ခုပေါ်ပေါက်ခဲ့ဖူးတယ်။

အဲဒီတုန်းက ထိုင်းတွေတော်တော်ထိသွားကြတာ တစ်ချို့ဆို ဘတ်သန်းနဲ့ချီပြီးရင်းတဲ့သူတွေရှိတယ်။ ကျွန်တော်တို့မြန်မာတွေလည်း shopping mall မှာ ‌

ငွေပါသွားတာ မနည်းဘူး အဲဒီနောက်တစ်ချက်ငြိမ်သွားတယ် အခုမှ နွားမွေး၊ ကြက်မွေး စသဖြင့် လိမ်လည်နည်းတွေ ထပ်ပေါ်လာတယ်။ လိမ်လည်ပုံသာ

ကွဲပြားသွားပေမယ်လို့ လိမ်ခံရတာချင်းကတော့ အတူတူပါပဲ။ အဲဒီထဲမှာမှ လိမ်လည် ခံရတဲ့သူတွေကို အုပ်စု ၂ အုပ်စုခွဲလို့ရတယ်။

ပထမအုပ်စုက လိမ်နေတယ်ဆိုတာကိုသိတယ် ဒါပေမယ့် ရင်းလိုက်ကြတာ ဖွင့်ထားတာမကြာသေးတဲ့ ပွန်ဇီကုမ္ပဏီတွေဆိုရင်တော့

သူတို့ အရင်းရော အမြတ်ရော ပြန်ရကြတာပေါ့ အဲလိုပြန်ရ ပြီဆိုရင် ဒီ ပထမအုပ်စုက ရပ်လိုက်တယ် ထပ်မလုပ်တော့ဘူး။

ဒုတိယအုပ်စုကျတော့ လိမ်နေမှန်းမသိဘူး မက်လုံးတွေကို ယုံပြီး ရှိသမျှငွေတွေ အကုန်လုံး အဲဒီကုမ္ပဏီတွေကို ထည့်ပစ်တာ

ဒုတိယ အုပ်စုမှာလည်း ပြန်ရတဲ့သူတွေ ရှိကောင်းရှိပါလိမ့်မယ် ဒါပေမယ့် ငွေပါသွားတာကပိုများပါတယ်”

လို့ ရင်းနှီးမြှပ်နှံမှုပုံစံနဲ့ ငွေလိမ်လည်နည်း အကြောင်းကို ထိုင်းနိုင်ငံမှာနေထိုင်တာကြာပြီဖြစ်တဲ့ ဘန်ခဲမြို့ နန်းယမ်းစက်ရုံက “ကိုဇင်ထက်” က ပြောပါတယ်။

အဲဒီနောက်မှာ ထိုင်းရောက်မြန်မာတွေကြား “ပွန်ဇီစနစ်” ငွေလိမ်နည်းတွေဟာ ပျောက်ပယ်သွားခဲ့ပြီး အခုတစ်ခါ ထပ်မံရေပန်းစားလာတာပဲဖြစ်ပါတယ်။

ဝင်းထက် –

SHARE THIS NEWS

OTHER NEWS