3 May 2024

OWIC ကတ်တန်ဖိုး ကောက်ခံခြင်းမပြုတော့ဟု ဗန်ကောက်မြန်မာသံရုံး ထုတ်ပြန်
.
ဩဂုတ် ၁၈ ရက်၊ ၂၀၂၃
.
ယနေ့ (၁၈-၈-၂၀၂၃) သောကြာနေ့မှစ၍ ဗန်ကောက်အခြေစိုက် မြန်မာသံရုံးတွင် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်ပြား (OWIC) ကတ်တန်ဖိုး ၂၅၀ ဘတ် ကို ကောက်ခံခြင်းမပြုတော့ဟု သံရုံး၏လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။
.
“ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် MoU (၄) နှစ်ပြည့် မြန်မာအလုပ်သမား များနှင့် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်စာအုပ် ကိုင်ဆောင်သည့် မြန်မာအလုပ်သမားများ အနေဖြင့် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ဆောင်ရွက်ရာတွင် OWIC ကတ်တန်ဖိုး ဘတ်၂၅၀/အား ၁၈-၈-၂၀၂၃ ရက် (သောကြာနေ့)မှစတင်၍ ကောက်ခံ ခြင်းမပြုဘဲ နိုင်ငံကူးလက်မှတ်စာအုပ်ဖိုး ဘတ် ၁,၂၅၀/ သာကောက်ခံသွား မည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်” ဟု ဖော်ပြထားသည်။
.
ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် မိခင်နိုင်ငံသို့ပြန်လည်ရောက်ရှိ၍ ပြည်ပသို့ပြန်လည်ထွက်ခွာမည့်အ ခါမှသာ ပြုလုပ်ရန် အသိပေးထားသည်။
.
“မြန်မာအလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ၍ ပြည်ပသို့ ပြန်လည်ထွက်ခွာသည့် အချိန်မှသာ OWIC ကတ်အား သက်ဆိုင်ရာ အလုပ်သမားရုံးများ၌ လျှောက်ထားရန် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်”ဟု ဆက်လက် ဖော်ပြထားသည်။
.
မှတ်ချက် : ၁-၉-၂၀၂၁ မှ ၁၇-၇-၂၀၂၃ အတွင်း သက်တမ်းကုန်ဆုံးသော စာအုပ်များ မဟာချိုင်းစီအိုင်ရုံးတွင် (မပိတ်သေးလျှင်) OWIC ကတ်သွားရောက်ပြုလုပ်နိုင်သည်ဟု သိရသည်။
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS