27 April 2024

တောင်အာဖရိကနိုင်ငံ၏သုတေသနပြုချက်အရ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲသည် ဘောတာမျိုးကွဲထက် ဖိုက်ဇာကာကွယ်ဆေးခုခံအားစနစ်ကို ၄၁ ဆ ရှောင်လွှဲနိုင်သည်ဟု ထိုင်းဗိုင်းရပ်စ်ပညာရှင် ဆို။

 

ထိုင်းနိုင်ငံတွင် ပထမဆုံးလူနာစတင်တွေ့ရှိပြီးနောက် လတ်တလောတွင် ထိုင်းလုထုကြားစိုးရိမ် ထိန့်လန့်မှုဖြစ်နေသည့် ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲသည် ၎င်းကိုစတင်တွေ့ရှိသောတောင်အာဖရိက နိုင်ငံ၏ သုတေသနပြုချက်အရ ယခင်ဘေတာမျိုးကွဲထက် ဖိုက်ဇာကာကွယ်ဆေးခုခံအားစနစ် ကို၄၁.၁ ဆရှောင်လွှဲနိုင်စွမ်းရှိသည်ဟု ထိုင်းအမျိုးသားသိပ္ပံနှင့်နည်းပညာဖွံ့ဖြိးရေးဗျူရိုလက်အောက် ရှိ အမျိုးသားဗီဇဗေဒနှင့်ဇီဝနည်းပညာဗဟိုဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Anan Jongkaewwattana က သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS