9 May 2024

ယမန်နေ့ညတွင် ခိုးဝင်မြန်မာ ၁၃ ဦးကို တာ့ခ်ခရိုင်နယ်ခြားစောင့်တပ် ဖမ်းဆီး။

 

တာ့ခ်ခရိုင် မယ်ရမတ်မြို့နယ်၊ ခနေကျုကျေးရွာအုပ်စု၊ ဖလကျေးရွာနယ်စပ်စစ်ဆေးရေးဂိတ်ရှောင်လမ်း ကြောင်းမှတဆင့်ခိုးဝင်လာသော မြန်မာနိုင်ငံသား ၁၃ ဦးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့မှဖမ်းဆီးနိုင်ခဲ့ သည်ဟု ထိုင်သတင်းဌာနတစ်ခုကဖော်ပြထားသည်။

 

နယ်ခြားစောင့်တပ်မှညကင်းလှည့်နေစဉ် လမ်းကြောင်းအခြေအနေရှေ့ပြေးလေ့လာနေသည့်လမ်းပြနှစ်ဦးဟုထင်ရသူလူနှစ်ဦးကိုတွေ့ရှိခဲ့ပြီး ခေါ်ယူစစ်ဆေးရန်ပြုလုပ်စဉ် အမှောင်ထုကိုအားပြုပြီး ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် အဆိုပါနယ်မြေအနီးအနားကိုလိုက်လံစစ်ဆေးရာ တရားမဝင်ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၃ ဦး (ကျား ၉ ဦး၊ မ ၄ ဦး) ကိုဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

 

အဆိုပါမြန်မာများကို မယ်ရမတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့်မြို့နယ်ရဲစခန်းထံအပ်နှံပြီးတရားဉပဒေအရဆက်လက်အရေးယူသွားမည်ဟု ဆိုသည်။

 

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS