27 April 2024

ဇန်နဝါရီလအတွင်း မိုဒါနာ (Moderna) ကိုဗစ်-၁၉ ကာကွယ်ဆေး ဒို့စ်ပေါင်း ၃.၇ သန်းထပ်မံပေးအပ်နိုင်မည်ဟု ZP Therapeutics ကုမ္ပဏီ ဆို။

ယခု ဇန်နဝါရီလအတွင်း ထိုင်းဆေးဝါးအဖွဲ့ချုပ်နှင့်ပုဂ္ဂလိကဆေးရုံအသင်းထံ မိုဒါနာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒို့စ်ပေါင်း ၃.၇ သန်းပေးအပ်နိုင်မည်ဟု ZP Therapeutics ကုမ္ပဏီ အထွေထွေမန်နေဂျာကဆိုသည်။

ဇန်နဝါရီ ၆ ရက်နေ့တွင် ၁.၃ သန်းဒို့စ်၊ ၈ ရက်နေ့တွင် ၀.၈၇ ဒို့စ်၊ ၁၇ ရက်နေ့တွင် ၁.၅၃ ဒို့စ်ပေးအပ်သွားမည်ဖြစ်ပြီး ယခင်ပေးအပ်ထားသည့်ကာကွယ်ဆေးအပါအဝင် စုစုပေါင်း ၅.၆ သန်းဒို့စ်ပေးအပ်နိုင်မည်ဟု သူမကဆက်လက်ပြောကြားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS