4 May 2024

စားသောက်ဖွယ်ရာတွေကို စာဖိုမှုးတစ်ဦးနီးပါး အပြီးအစီးထိ ပြင်ဆင်ချက်ပြုတ်နိုင်မယ့် စက်ရုပ်ကို ယူကေရှိ စက်ရုပ်နည်းပညာကို တီထွင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Moley Robotics ကုမ္ပဏီက တီထွင်ခဲ့ပြီး အဲဒီစက်ရုပ်ကို Moley Robotic Kitchen လို့အမည်ပေးထားပါတယ်။

 

 

စက်ရုပ်ပုံသဏ္ဍန်ကတော့ မီးဖိုချောင်ရဲ့ မျက်နှာကျက်ပေါ်မှာ ပြေးလှမ်း ၂ ခုတပ်ဆင်ထားကာ အဲဒီပြေးလမ်းပေါ်မှာ တော့ ဟင်းလျာတွေကို ကိုင်တွယ်ချက်ပြုတ်ဖို့ စက်ရုပ်ရဲ့လက် ၂ ဖက်ကိုတပ်ဆင်ပေးထားပါတယ်။ အဲဒီ စက်ရုပ်ဟာ ဟင်းလျာပေါင်း ၅၀၀၀ ကျော်ကို ချက်ပြုတ်ပေးနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

 

မိမိစားချင်တဲ့အချိန်မှာ မှန်သားပြင်ပေါ်က မီနူးကိုထောက်လိုက်ရုံနဲ့ စက်ရုပ်က အဲဒီဟင်းလျာကို ချက်ချင်း ချက်ပြုတ်ပေးမှာဖြစ်ပါတယ်။

 

အဲဒီစက်ရုပ်ကို နာမည်ကြီးစာဖိုမှုးတစ်ဦးနှင့်တူနေအောင် ဆော့ဖ်ဝဲပညာရှင်က ရေးဆွဲထားတာကြောင့် ဟင်းလျာတွေဟာ ပြောစရာမရှိလောက်အောင် အရသာကောင်းမှာဖြစ်တယ်လို့ ထုတ်လုပ်သူကဆိုပါတယ်။

 

ဟင်းချက်နေတဲ့အချိန်မှာ အန္တရာယ်မဖြစ်အောင်လည်း လုံခြုံရေးစနစ်တွေတပ်ဆင်ထားပါတယ်။ အစားအသောက်လုပ်ရာမှာ သန့်ရှင်းဖို့အတွက်လည်း ထုတ်လုပ်သူတွေက သေချာချိန်ဆ ထုတ်လုပ်ထားတယ်လို့သိရပါတယ်။

 

အဆိုပါ စားဖိုမှုးစက်ရုပ်ကို ရောင်းချမယ့်ဈေးကို ပေါင် ၁ သိန်းခွဲ သတ်မှတ်ထားပြီး အဲဒီဈေးထက် လျော့ပေါ့ ရောင်းချနိုင်ဖို့အတွက်တော့ အစ္စရေးနှင့် အမေရိကန်က ပညာရှင်တွေက ဆက်လက်ကြိုးစားသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS