3 May 2024

ကားဖြင့်ဝင်ရောက်လို့မရတဲ့နေရာတွေကို လှေလှော်ပြီးကင်းလှည့်ကာ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးပြုလုပ်ပေးနေတဲ့ထိုင်းရဲများ !

 

အယုဒ္ဒရခရိုင် ထာ့ရူးဝါးရဲစခန်းက အယုဒ္ဒရခရိုင်မှာ ရေကြီးနေသော်လည်း ပြည်သူတွေရဲ့ဘေးလုံခြုံရေးအတွက် ရဲတပ်ဖွဲ ၃ ဖွဲ့ခွဲကာ ကုန်းလမ်း ရေလမ်း ကင်းလှည့်မှုတွေပြုလုပ်ပြီး ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးပစ္စည်းတွေ လိုက်လံပေးဝေခဲ့ကြောင်းသိရပါတယ်။

 

ဒီအစီအစဉ်ကို အယုဒ္ဒရခရိုင် ထာ့ရူးဝါးရဲစခန်း၏ ကြီးကြပ်ရေးမှုး Theerawut ညွှန်ကြားခဲ့တာပါ။ ရည်ရွက်ချက်ကတော့ အကူညီလိုအပ်တဲ့ ရေဘေးသင့်ပြည်သူတွေကို အချိန်နှင့် တစ်ပြေးညီ အကူအညီပေးရန်ဖြစ်ပြီး ရေချိန် မြင့်တက်လာတဲ့ အခါအချိန်မီ တားဆီးကာကွယ်မှုတွေ ပြုလုပ်နိုင်ဖို့ဖြစ်တယ်လို့သိရပါတယ်။

 

 

 

 

 

 

 

SHARE THIS NEWS

OTHER NEWS