10 May 2024

,

ပရာကျင်ဘူရီခရိုင်က ဘုရားရုပ်ပွာတော် တောင်ပို့ဂဏန်း လာပြီ
.
ဩဂုတ် ၂၉ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံအရှေ့ပိုင်း ပရာကျင်ဘူရီခရိုင်တွင် ရာဘာခြံဝင်းတခုအတွင်း ဘုရားရုပ်ပွားတော်နှင့်ဆင်တူ သော တောင်ပို့တခု ပေါ်လာခဲ့ပြီး ထီဝါသနာအိုးများ ထီဂဏန်းတောင်းရာက သုံးလုံးတူနှင့် နှစ်လုံးတူ ဂဏန်း ရရှိ။
.
ထိုင်းနိုင်ငံအရှေ့ပိုင်း ပရာကျင်ဘူရီခရိုင်၊ ကဘင်ဘူရီမြို့နယ်၊ ယန့်ရီကျေးရွာအုပ်စု၊ မူ-၁၁ နယ်မြေအ တွင်းရှိ ရာဘာခြံဝင်းတခုထဲတွင် ဘုရားဆင်းတုတော်နှင့်ဆင်တူသော တောင်ပို့တခုပေါ်လာခဲ့ပြီး အကျိုး လာပေးသည်ဟု ဒေသခံများက ယုံကြည် ကြ၍ အမွှေးတိုင်များဖြင့် ပူဇော်ပြီး ထီဂဏန်းတောင်းကြ သည်။
.
အဆိုပါ တောင်ပို့သည် အရှေ့အရပ်ဘက်သို့မျက်နှာမူထားပြီး အထက်ပိုင်းမှာ ချွန်ထွက်နေကာ ဘုရား ရုပ်ပွားတော်ဦးခေါင်းနှင့်ဆင်တူသည်။
.
ဒေသခံများက တောင်ပို့ကိုပူဇော်ပြီးနောက် ပေါင်ဒါဖြူး၍ ထီဂဏန်းရှာကြည့်ရာ သုံးလုံးဂဏန်း “၂၇၅” နှင့် နှစ်လုံးဂဏန်း “၂၀” တို့ကို တွေ့ရှိခဲ့သည်။
.
တောင်ပို့၏အမြင့်ပေကို တိုင်းတာကြည့်ရာတွင် ၂၀ လက်မ/၅၁ စင်တီမီတာ ရှိ၍ ဒေသခံများက ထီဂဏန်းကောက်ပြီး စက်တင်ဘာ ၁ ရက်နေ့ ထီအပတ်စဉ်အတွက် ထီကံစမ်းကြမည်။
.
Photo: Khaosod
.
ဂဏန်းကောင်းတွေစုစည်းထားတဲ့ “ကံပွင့်” ပေ့ချ်
Like & Share များများလုပ်ပြီးအားပေးလိုက်ကြရအောင်
.

SHARE THIS NEWS

OTHER NEWS