26 April 2024

,

နိုဝင်ဘာလမှာကျင်းပမယ့် အာရှဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲပြိုင်ပွဲတွေအတွက် ထိုင်းဒိုင်လူကြီးသုံးဦး စေလွှတ်ခွင့်ရရှိ။

နိုဝင်ဘာ ၁၁ ရက်နေ့နဲ့ ၁၆ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲများတွင် တာဝန်ထမ်းဆောင်ဖို့အတွက် ထိုင်းဒိုင်လူကြီးသုံးဦးစေလွှတ်ခွင့်ရခဲ့တယ်လို့သိရပါတယ်။

ပထမတစ်ဦးကတော့ သီဝကွန် ဖူအူဒွမ်ဖြစ်ပါတယ်။ သူဟာ FIFA Elite အဆင့်ဒိုင်လူကြီးတစ်ယောက်ဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီးတာဝန်ကိုတစ်ပွဲဆောင်ရွက်ရမှာဖြစ်သလို VAR ဒိုင်လူကြီးတာဝန်ကိုတစ်ပွဲဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ၁၆ နှစ်အတွင်း အာရှဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲပွဲစဉ်မှာကွင်းလယ်ဒိုင်အဖြစ်တာဝန်ထမ်းဆောင်ခွင့်ရခဲ့တဲ့ ပထမဆုံးထိုင်းဒိုင်လူကြီးဖြစ်လာခဲ့ပါတယ်။

ဒုတိယတစ်ဦးကတော့ မွန်ခါန်ချိုင် ဖစ်စီး လို့သိရပါတယ်။ FIFA Elite အဆင့်ဒိုင်လူကြီးဟာ ၄ ဦးမြောက်ဒိုင်လူကြီးတာဝန်ကို ၂ ပွဲဆောင်ရွက်ရမယ်လို့သိရပါတယ်။

နောက်ဆုံးတစ်ဦးဖြစ်တဲ့ ရာဝုဒ် နခရစ်ကလည်း FIFA Elite အဆင့်ရှိတဲ့ထိုင်းဒိုင်လူကြီးတစ်ဦးဖြစ်ပါတယ်။ သူဟာ နိုဝင်ဘာ ၁၁ ရက်နေ့နဲ့ ၁၆ ရက်နေ့မှာကျင်းပမယ့် ပွဲစဉ် ၅ နဲ့ပွဲစဉ် ၆ တို့ကို အကူဒိုင်တာဝန် ဆောင်ရွက်ပေးရမှာဖြစ်ပတယ်။

ထိုင်းဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ချိုင်ဝပ် ကန်ဆူဌာ က ၂၀၀၅ ခုနှစ်မှာယှဉ်ပြိုင်ကစားခဲ့တဲ့ တောင်ကိုရီးယားနဲ့ ဆော်ဒီအသင်းတို့ရဲ့ အာရှဇုန်ခြေစစ်ပွဲစဉ်မှာ ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS