10 May 2024

မြန်မာအထပ်မြင့်တိုက်ဆေးသုတ်လုပ်သားတစ်ဦး ၃၀ ထပ်အမြင့်တွင် ကြိုးဖြတ်ခံရ

 

ဓာတ်ပုံ Sanook

 

အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၁

 

နွန်ထဘူရီခရိုင်ရှိ မြန်မာအထပ်မြင့်တိုက်ဆေးသုတ်လုပ်စားတစ်ဦး ၃၀ ထပ်အမြင့်တွင် ကြိုးဖြတ်ခံရ။

 

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့တွင် မြို့တော်ဗန်ကောက် အရှေ့မြောက်ဘက် နွန်ထဘူရီခရိုင်ရှိ၃၆ ထပ်အမြင့်ရှိသည့် လုဗ္မဏီကွန်ဒိုအဆောက်အဉီးတစ်ခုကို ပြုပြင်ရန်အတွက် မြန်မာလုပ်သားတစ်ဦး နှင့်လုပ်ဖော်ကိုင်ဖက်နှစ်ဦးတို့ ကြိုးဖြင့်တက်သွားစဉ် ၃၀ ထပ်အရောက်တွင် ကြိုးဖြတ်ခံရပြီးအခန်း ဝရံတာတစ်ခုမှအရေးပေါ်ဆင်းခဲ့ရသည်ဟု Sanook သတင်းဌာနမှဖော်ပြထားသည်။

 

 

အခင်းဖြစ်ပွားသည့်နေ့တွင် အင်္ဂတေအက်ကွဲရာကို ပြုပြင်ရန်အတွက် မိမိအပါအဝင်လုပ်ဖော်ကိုင်ဖက် ၂ ဦးနှင့်အတူ ၃၂ ထပ်သို့ကြိုးဖြင့်တွယ်တက်သွားပြီး ၃၀ ထပ်အရောက်တွင် မူမမှန်သည်ကိုခံစားရ၍အောက်ကိုငုံကြည့်ရာ ၂၁ ထပ်ခန့်ရှိလူတစ်ဦးက ကြိုးကိုဖြတ်နေသည်ကိုတွေ့ရ၍ အလွန်အမင်းထိန့်လန့်သွားပြီး လက်လှမ်းမီသည့်အခန်းပိုင်ရှင်ကိုအကူအညီတောင်းခံပြီး အခန်းဝရံတာမှတဆင့် အရေးပေါ် ဆင်းခဲ့ရသည်ဟုမြန်မာလုပ်သားတစ်ဦးဖြစ်သူ မောင်ဆောင်း အသက် ၂၁ နှစ်ကဆိုသည်။

 

ဆက်လက်ပြီး အောက်တိုဘာ ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ အဆိုပါကွန်ဒိုသို့သွားရောက်စစ်ဆေးခဲ့ပြီးနောက် သံသယတရားခံကို စုံစမ်းသိရှိခဲ့ရပြီး ဖမ်းဝရမ်းထုတ်ထားသည်ဟု သိရသည်။

 

 

ထို့ပြင် အသက်ဘေးမှသီသီလေးလွတ်မြောက်ခဲ့သူ မောင်ဆောင်းအပါအဝင် လုပ်ဖော်ကိုင်ဖက် ၂ ဦးကိုလည်း စစ်ဆေးမေးမြန်းရန်အတွက် ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

 

သတင်း ရွှေကရင်

SHARE THIS NEWS

OTHER NEWS