4 May 2024

ဓာတ်ပုံ winnews

 

စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၁

 

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေသည့် ဒီပရက်ရှင်မုန်တိုင်း၏အရှိန်ကြောင့် လာမည့်စက်တင်ဘာ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရုတ်တရက်ရေကြီးရေလျှံခြင်းနှင့်တောင်ကျချောင်းရေအန္တရာယ်သတိထားကြရန် ထိုင်းမိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။

 

တောင်တရုတ်ပင်လယ် မြောက်လတ္တီကျုဒ် ၁၄.၅ ဒီဂရီ၊ အရှေ့လောင်ဂျီကျုဒ် ၁၁၁.၀ ဒီဂရီတွင်ဗဟိုပြုပြီးဖြစ်ပေါ်နေသော ဒီပရက်ရှင်မုန်တိုင်းသည် ယနေ့မနက် ၇ နာရီတွင်အားကောင်းလာကာ အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၂၅ ကီလိုမီတာမြန်နှုန်းဖြင့်ရွေ့လျားနေပြီး မုန်တိုင်းဗဟိုလေတိုက်နှုန်းသည် တစ်နာရီလျှင် ၅၅ ကီလိုမီတာရှိသည်ဟု ဖော်ပြထားသည်။

 

အဆိုပါမုန်တိုင်းသည် မနက်ဖန်တွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကိုဝင်ရောက်တိုက်ခတ်ပြီးနောက် အားနည်းသွားမည်ဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့များတွင် ထိုင်းနိုင်ငံအ‌ရှေ့မြောက်ပိုင်းနှင့်အလယ်ပိုင်းကိုဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။

 

ယင်းမုန်တိုင်း၏အရှိန်ကြောင့် ထိုင်းနိုင်ငံအထက်ပိုင်းတွင်မိုးပိုများလာနိုင်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အ‌ရှေ့ပိုင်း၊ မြို့တော်ဗန်ကောက်နှင့်အနီးအနားခရိုင်များတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ခြင်းကြောင့် ရုတ်တရက်ရေကြီးရေလျှံခြင်းနှင့်တောင်ကျချောင်းရေအန္တရာယ်များကိုသတိထားနေထိုင်ကြရန် သတိပေးထုတ်ပြန်ထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS