3 May 2024

ဆက်သွယ်ရေးလုပ်ငန်းနှစ်ခုဖြစ်သည့် ထရူးနှင့်ဒီတက်လုပ်ငန်းပေါင်းစည်းမည်ဟု သတင်းထွက်ပေါ်ပြီးနောက် ၎င်းတို့၏အစုရှယ်ယာဈေးနှုန်း ၁၀% ခုန်တက်။

 

ထိုင်းနိုင်ငံ၏အဓိကဆက်သွယ်ရေးလုပ်ငန်းကြီးနှစ်ခုဖြစ်သည့် ထရူးနှင့်ဒီတက်(TRUE-DTAC) လုပ်ငန်းပေါင်းစည်းပြီး ကုမ္ပဏီအသစ်တစ်ခုတည်ထောင်မည်ဟု သတင်းထွက်ပေါ်ပြီးနောက် ယမန်နေ့တွင်၎င်းလုပ်ငန်းနှစ်ခု၏ အစုရှယ်ယာဈေးနှုန်းများ ၁၀% ခုန်တက်သွားခဲ့သည်ဟု ထိုင်းစတော့ခ်ရှယ်ယာဈေးကွက်ဒေတာများအရသိရှိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ထရူး ကော်ပိုရေးရှင်း အများပိုင်ကုမ္ပဏီ၏အစုရှယ်ယာသည်နံနက်ပိုင်းတွင် ၄.၈၀ ဘတ်ဖြင့်ဈေးဖွင့်ခဲ့ပြီး ယခင်နေ့ထက် ၁၁.၁၁% ခုန်တက်ခဲ့ကာ ညနေပိုင်းတွင် ၄.၄၇ ဘတ်ဖြင့်ဈေးပိတ်ခဲ့သည်။

 

အလားတူ တိုတယ် အက်ဆက် ကွန်မြူနီကေးရှင်း အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာဈေးနှုန်းသည်နံနက်ပိုင်းတွင် ၄၅.၅၀ ဘတ်ဖြင့်ဈေးဖွင့်ခဲ့ပြီး ယခင်နေ့ထက် ၁၀.၃၀% တိုးတက်ခဲ့ရာ ၄၆ ဘတ်အထိအမြင့်ဆုံးခုန်တက်ခဲ့ပြီးနောက် ညနေပိုင်းတွင် ၄၄.၇၅ ဘတ်ဖြင့် ဈေးပိတ်ခဲ့သည်ဟု သိရသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS