9 May 2024

နိမ်းလစ်ကိုင်ဆောင်ထားသူများကို ဩဂုတ်လကုန်အထိ ဆက်လက်ဖြေလျှော့ပေးရန် အဆိုပြုထား
.
ဇူလိုင် ၃၁ ရက်၊ ၂၀၂၃
လုပ်သားမှတ်ပုံတင်ရန်အတွက် ၃၁-၇-၂၀၂၃ ရက်အတွင်း လုပ်စားအမည်စာရင်း (Name List) တင်ထား ပြီးသားဖြစ်သော အလုပ်သမားများကို ၃၁-၈-၂၀၂၃ ရက်နေ့အထိ ဆက်လက်ဖြေလျှော့ပေးရန် ထိုင်းအ လုပ်အကိုင်ရှာဖွေရေးဦးစီးဌာနမှ ထိုင်းအစိုးရအဖွဲ့ အထွေထွေအတွင်းရေးမှူးရုံးထံ လွန်ခဲ့သော ဇူလိုင်လ ၂၇ ရက်နေ့ (၂၀၂၃) က အဆိုပြုထားသည်ဟု ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးရုံးမှ ထုတ်ပြန်ထား သည်။
ထိုသို့ အဆိုပြုထားရာတွင် အတည်ပြုချက် ကျလာခြင်းမရှိသေး၍ ယင်းစပ်ကြားကာလတွင် နိမ်းလစ် ကိုင်ဆောင်ထားသော အလုပ်သမားများကို ဖမ်းဆီးခြင်းမပြုရန် ထိုင်းအလုပ်အကိုင်ရှာဖွေရေးရုံးက ထိုင်းရဲချုပ်ထံ ထိပ်တန်းအရေးကြီးဖြင့် စာပို့အကြောင်းကြားထားသည်။
မှတ်ချက် : နိမ်းလစ်ကိုင်ဆောင်ထားသော ၄ နှစ်စေ့ MoU များ မသက်ဆိုင်ပါ။
.

SHARE THIS NEWS

OTHER NEWS