28 April 2024

,

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကျောနံပါတ် ၇ ကို ပြန်သိမ်းပိုက်ခဲ့တဲ့ ရိုနာလ်ဒို

■မန်ချက်စတာယူနိုက်တက်အသင်းကိုတကျော့ပြန် ရောက်ရှိလာတဲ့ တိုက်စစ်မှူး ရိုနာလ်ဒိုဟာ သူ့ရဲ့ ယခင်နံပါတ်ဖြစ်တဲ့ ကျောနံပါတ် ၇ ကိုပဲ ဝတ်ဆင်ကစားသွားမှာဖြစ်ပြီးတော့ ကာဗာနီဟာ ကျောနံပါတ် ၂၁ ကို ဝတ်ဆင်မှာဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါ တယ်။

ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ မှတ်ပုံတင်ထားပြီးသားကျောနံပါတ်ကို ပြန်လည်လွှဲပြောင်းခဲ့တဲ့ ပထမဆုံး ထူးခြားဖြစ်ရပ်တစ်ခု အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သလို ရိုနာလ်ဒိုဟာ မန်ချက်စတာယူနိုက် တက်အသင်းကိုစွန့်ခွာခဲ့တဲ့ ၂၀၀၉ ခုနှစ်ကစပြီး သူ့ရဲ့ကျောနံပါတ် ၇ကို ဆက်ခံခဲ့တဲ့ကစားသမားက စုစုပေါင်း ၅ ဦးရှိခဲ့ပေမယ့် ကာဗာနီတစ်ဦးတည်းက သာ ဒီကျောနံပါတ်နဲ့ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

ရိုနာလ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းကနေ ပွဲပယ်ပြစ်ဒဏ်ကြောင့် စောစောစီးစီး ပြန်လာခဲ့ပြီး အသင်းနဲ့ပူးပေါင်းမှာဖြစ်ပြီး ကွာရန်တင်း ၅ရက်ဝင်ရောက်ပြီးတာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကိုစတင်တော့မှာဖြစ်ပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

SHARE THIS NEWS

OTHER NEWS