27 April 2024

ထိုင်းအစိုးရက သူ့နိုင်ငံရဲ့ စီးပွားရေးလိုအပ်ချက်အရ MOU စာအုပ်ကိုင်ဆောင်သူ ၁ သိန်းခန့် တရားဝင်ခေါ်ယူဖို့ အစီအစဉ်ရှိနေပေမယ့် မြန်မာဘက်က အလုပ်သမားဝန်ကြီးဌာနနဲ့ တရားဝင်ညှိနှိုင်းတဲ့ အဆင့်ထိမရောက်သေး တာကြောင့် အဲဒီအစီအစဉ်ကို ဆိုင်းငံ့ထားရတယ်လို့ သိရပါတယ်။

 

၂၀၁၂ ခုနှစ် ကစပြီး မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့ကြား နှစ်နိုင်ငံသဘောတူ MOU စနစ်ဖြင့် တရားဝင်လုပ်သား စေလွှတ်ခဲ့တာတွေရှိခဲ့ပေမယ့် ကိုဗစ်ကာလမှာ နယ်စိတ်ဂိတ်တွေ ပိတ်လိုက်ပြီး မြန်မာနိုင်ငံရေး ကမောက်ကမ ဖြစ်စဉ်တွေကြောင့် နှစ်နိုင်ငံကြား တရားဝင်အလုပ်သမားစေလွှတ်မှုတွေ မရှိတော့တာ ဒီကနေ့ထိတိုင် ဖြစ်ပါတယ်။

 

နယ်စပ်လမ်းတွေ မပိတ်ခင်က MOU စာအုပ်လုပ်ပြီး ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်လာရန် နေရပ်ပြန်သွားခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားသိန်းချီရှိခဲ့ပါတယ်။ စာအုပ်လုပ်ပြီးချိန်မှာ ကိုဗစ်ကြောင့် နယ်စပ်လမ်းတွေပိတ်သွားခဲ့ တာကြောင့် အဆိုပါလုပ်သားတွေဟာလည်း မြန်မာနိုင်ငံမှာ မျှော်လင့်ချက်မဲ့စွာနဲ့ သောင်တင်နေတာ ယနေ့ထိတိုင်ဖြစ်ပါတယ်။

 

ထိုင်းအစိုးရအနေနဲ့ နယ်စပ်တွေကို လုံခြုံရေးတိုးမြှင့်ထားပေမယ့်လို့ နေ့စဉ် တရားမဝင်လမ်းကြောင်းက ထိုင်းကိုဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေကတော့ လျော့သွားတယ်လို့ကိုမရှိပါဘူး။ ထိုင်းအာဏာပိုင်တွေ အနေနဲ့လည်း ထိုင်းကိုတရားမဝင်လမ်းကဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားရာချီ ဖမ်းမိခဲ့တာဟာ ရေတွက်မနိုင်ဖြစ်နေခဲ့ပါတယ်။

 

အဲဒီကိစ္စနဲ့ပတ်သက်လို့ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ စူချတ် က MOU လုပ်သားတွေ ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ခွင့်ရရှိဖို့ လာမယ့် ဝန်ကြီးများအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

 

ထိုင်းအစိုးရက နိုဝင်ဘာလ ၁ ရက်နေ့က နိုင်ငံပြန်လည်ဖွင့်လှစ်ခဲ့ပြီး လုပ်သားရှားပါးမှု ပြဿနာနှင့်ရင် ဆိုင်ကြုံတွေ့နေရတာကြောင့် MOU လုပ်သားတွေကို ပြန်လည်ဝင်ရောက်ခွင့်ပြုဖို့ အလားအလာရှိနေပါတယ်။

SHARE THIS NEWS

OTHER NEWS