29 April 2024

,

TikTok ဗီဒီယိုအကြံပြုချက်အတိုင်း အမွှေးတိုင်ပူဇော်ပြီး အဓိဋ္ဌာန်ပြုရာမှ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ စီးစကက်ခရိုင်၊ ခွန်းဟန်းမြို့နယ်ရှိ ခေါက်မန်ကိုင်သည်အမျိုးသမီးတစ်ဉီး ဘတ် ၁၂ သန်း ကံထူး၊ အကြွေး ဆပ်ပြီး ကုသိုလ်ပြုမည်ဟု ဆို။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ စီးစကက်ခရိုင်၊ ခွန်းဟန်းမြို့နယ်၊ ကရထင်းကျေးရွာတွင်နေထိုင်သည့် ခေါက်မန်ကိုင်(ထိုင်းဆီထမင်း) သည်အမျိုးသမီးတစ်ဉီး ထီကံထူးသည်ဟု သတင်းရရှိပြီးနောက် သူမ၏နေအိမ်သို့ ယမန်နေ့ ည ၇ နာရီအချိန်တွင် သတင်းထောက်ရောက်ရှိသွားစဉ် သူမကိုဝမ်းသာစကား လာရောက်ပြောကြားသည့် အသိမိတ်ဆွေအများအပြား ကိုတွေ့ရှိရသည်။

သူမသည် ခွန်းဟန်းမြို့ပေါ်ရှိ နံနက်ဈေးတစ်ခုတွင် ခေါက်မန်ကိုင်နှင့်ထိုင်းရိုးရာမုန့်များကိုရောင်းချနေပြီး ပြီးခဲ့သည့်နှစ်များတွင်မိသားစုဝင်ငွေထက်ထွက်ငွေများနေကြောင်း၊ ကြွေးမြီများစွာတင်ခဲ့ကြောင်း၊ ကံအရမ်းနိမ့်ကျခဲ့ကြောင်း၊ ပြီးခဲသည့်လဆန်းပိုင်းတွင် TikTok ဗီဒီယိုတစ်ခုမှ အမွှေးတိုင် ၁၆ တိုင်ပူဇော်ပြီး ကံပွင့်ကံမြင့်ရန် အဓိဋ္ဌာန်ပြုပါဟု အကြံပြုချက်အတိုင်းလိုက်လုပ်ကြည့်ပြီးနောက် ပြီးခဲ့သည့်အပတ်တွင် သုံးလုံးဂဏန်းဒဲ့ကံထူးခဲ့ပြီး ယခုအပတ်တွင် အဖွားတစ်ဦးကမိမိနေအိမ်သို့ထီလာရောင်းရာ ကံစမ်းလိုသည့်အထူးဂဏန်းမရှိ၍ ရရာထီလက်မှတ်ကို ၂၄ စောင်ဝယ်ယူလိုက်ရာမှ ပထမဆု ၂ စောင်ကံထူးခဲ့ပြီး ဘတ် ၁၂ သန်းကံပွင့်ခဲ့သည်ဟု ဖင်ဖိလတ် ဒါဝန် အသက် ၃၄ နှစ်ကဆိုသည်။

ကံထူးထားသည့်ငွေများဖြင့် သူမ၏ကြွေးမြီ၊ မိခင်ဖြစ်သူ၏ကြွေးမြီ၊ မွေးချင်းများ၏ကြွေးမြီတို့ကို ပြန်ဆပ်မည်ဖြစ်ပြီး အဓိဋ္ဌာန်ထားသည့်အတိုင်းကုသိုလ်ပြုမည်ဟု ကံထူးရှင်ကဆိုသည်။ ထို့နောက်ကျန်ရှိသည့်ငွေများကို သားသမီးများ၏ပညာရေးစရိတ်နှင့်သူမ၏နောင်ရေးအတွက်သိမ်းဆည်းထားမည်ဟု ဆိုသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS